အို ဘုရားသခင်၊ကိုယ်တော်ရှင်သည်ဆုတောင်းပတ္ထနာများကို နားညောင်းတော်မူတတ်သဖြင့်ကျွန်တော်မျိုးတို့သည်ဇိအုန်တောင်တော် ပေါ်တွင် ကိုယ်တော်ရှင်အားထောမနာပြုထိုက်ပါ၏။မိမိတို့ပြုခဲ့သည့်ကတိသစ္စာဝတ်ကိုဖြေ ထိုက်ပါ၏။လူအပေါင်းတို့သည်မိမိတို့၏အပြစ်များ အတွက်ကိုယ်တော်ရှင်၏ထံတော်သို့ချဉ်းကပ်ကြပါလိမ့်မည်။ကျွန်တော်မျိုးတို့၏မှားယွင်းချက်များသည် အလွန်ပင်များသော်လည်းကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား အပြစ်ဖြေလွှတ်တော်မူပါ၏။