5. အို အနန္တတန်ခိုးရှင်ထာဝရဘုရားသခင်၊နိုးထတော်မူ၍ကျွန်တော်မျိုးအားကူမရန် ကြွတော်မူပါ။ဣသရေလအမျိုးသားတို့၏ဘုရား၊ ကိုယ်တော်တိုင် ရှုကြည့်တော်မူပါ။နိုးထတော်မူ၍ဘုရားမဲ့သူတို့ကို အပြစ်ဒဏ်ခတ်တော်မူပါ။ဆိုးယုတ်၍သစ္စာဖောက်သူတို့အား သနားတော်မမူပါနှင့်။
6. သူတို့သည်မြို့ထဲသို့ညဦးယံ၌ပြန်လာ၍ခွေးများကဲ့သို့မာန်ဖီကာလှည့် လည် သွားလာကြပါ၏။
7. သူတို့စော်ကားပြောဆိုခြိမ်းခြောက်သည်ကို ကြားတော်မူပါ။သူတို့၏လျှာသည်ဋ္ဌားသဖွယ်ဖြစ်ပါ၏။သို့သော်လည်းသူတို့က``ငါတို့စကားကို အဘယ်သူ ကြားပါမည်နည်း'' ဟုဆိုကြပါ၏။
8. သို့ရာတွင် အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည်သူတို့ကိုကြည့်၍ ပြုံးရယ်တော်မူပါ၏။ဘုရားမဲ့သူအပေါင်းတို့ကိုပြက်ရယ်ပြု တော်မူပါ၏။
9. ကျွန်တော်မျိုးသည်ကိုယ်တော်၏တန်ခိုးကို ယုံကြည်ကိုးစားပါ၏။အို ဘုရားသခင်၊ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးခိုလှုံရာ ဖြစ်တော်မူပါ၏။