8. သူတို့သည်အကျိအချွဲအဖြစ်သို့အရည် ပျော်၍သွားတတ်သည့်ပက်ကျိများကဲ့သို့ဖြစ်ကြပါစေသော။အလင်းရောင်ကိုအဘယ်အခါ၌မျှမမြင်ရသည့် လျှောမွေးကဲ့သို့ဖြစ်ကြပါစေသော။
9. သူတို့သည်မမျှော်လင့်သောအချိန်တွင်ချုံဖုတ် ကဲ့သို့ ခုတ်ပစ်ခြင်းကိုခံကြရ၏။ဘုရားသခင်သည်ပြင်းစွာအမျက်ထွက်တော်မူ၍သူတို့အားကွယ်ပျောက်သွားစေတော်မူလိမ့်မည်။
10. သူတော်ကောင်းတို့သည်အပြစ်ကူးသူများအပြစ်ဒဏ်သင့်ကြသည်ကိုမြင်သောအခါ ဝမ်းမြောက်ကြလိမ့်မည်။သူတို့သည်သူယုတ်မာတို့၏သွေးအိုင်တွင် ခြေဆေးကြလိမ့်မည်။
11. လူတို့က``သူတော်ကောင်းတို့သည်ဧကန်အမှန်ပင် ကောင်းကျိုးချမ်းသာခံစားကြရ၏။ကမ္ဘာလောကကိုတရားစီရင်တော်မူသောဘုရားဧကန်အမှန်ရှိတော်မူပေသည်'' ဟုဆိုကြလိမ့်မည်။