1. အချင်းအာဏာပိုင်တို့၊သင်တို့သည်တရား သဖြင့် ဆုံးဖြတ်မှုကိုပြုကြသလော။လူအပေါင်းတို့အားတရားမျှတစွာ စီရင်ကြသလော။
2. သင်တို့ကားယင်းသို့မပြု၊မိမိတို့ပြုမည့် ဒုစရိုက်ကိုသာလျှင်စဉ်းစားကြံစည်လျက်တိုင်းပြည်တွင်အဋ္ဌမ္မအကြမ်းဖက်မှုကို ကူးလွန်ကြ၏။
3. ဒုစရိုက်သမားတို့သည်တစ်သက်လုံးအမှားကို သာလျှင်ပြုတတ်ကြ၏။သူတို့သည်မိမိတို့မွေးကတည်းက မုသားစကားကိုပြောဆိုတတ်ကြ၏။