1. ကျွန်တော်မျိုးသည်ခိုလှုံရန်အထံတော်သို့ ချဉ်းကပ်ပါ၏။သို့ဖြစ်၍ကျွန်တော်မျိုးအားသနားတော်မူပါ။အို ဘုရားသခင်၊သနားတော်မူပါ။မိုးသက်မုန်တိုင်းလွန်သွားသည်အထိကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ အတောင်တော်အရိပ်တွင်ခိုလှုံပါ၏။
2. ငါလိုသမျှသောအရာတို့ကိုပေးတော် မူသော၊အမြင့်မြတ်ဆုံးဖြစ်တော်မူသောဘုရားသခင် အား ငါသည်တောင်းလျှောက်ပါ၏။
3. ကိုယ်တော်သည်ကောင်းကင်ဘုံမှထူးတော်မူ၍ ငါ့ကိုကယ်တော်မူလိမ့်မည်။ငါ့ကိုညှဉ်းဆဲနှိပ်စက်သူတို့အားနှိမ်နင်း တော်မူလိမ့်မည်။ဘုရားသခင်သည်မိမိ၏ခိုင်မြဲသောမေတ္တာ တော်နှင့် သစ္စာတော်ကိုငါ့အားပြတော်မူလိမ့်မည်။