ဆာ​လံ 5:5-9 Common Language Bible (BCL)

5. မာ​န​ကြီး​သူ​တို့​သည်​ရှေ့​တော်​သို့​မ​ဝင်​ရ။ကိုယ်​တော်​သည်​ယုတ်​မာ​သူ​အ​ပေါင်း​တို့​ကို မုန်း​တော်​မူ​၏။

6. ကိုယ်​တော်​သည်​လိမ်​လည်​သူ​အ​ပေါင်း​တို့​ကို ဖျက်​ဆီး​တော်​မူ​၍​အ​ကြမ်း​ဖက်​သူ၊ကောက်​ကျစ်​သူ​တို့​ကို​စက်​ဆုပ်​ရွံ​ရှာ​တော်​မူ​၏။

7. ကျွန်​တော်​မျိုး​အ​ဖို့​မှာ​မူ​ကိုယ်​တော်​၏​ကြီး မား​သော မေတ္တာ​တော်​ကို​ခံ​စား​ရ​သ​ဖြင့်အိမ်​တော်​သို့​ဝင်​နိုင်​ပါ​၏။ကိုယ်​တော်​၏​သန့်​ရှင်း​မြင့်​မြတ်​သော​ဗိ​မာန်​တော်​တွင် ကိုး​ကွယ်​ဝတ်​ပြု​ကာကိုယ်​တော်​အား​ရို​သေ​လေး​မြတ်​စွာ ဦး​ညွှတ်​ရှိ​ခိုး​နိုင်​ပါ​၏။

8. အို ထာ​ဝ​ရ​ဘု​ရား၊ကျွန်​တော်​မျိုး​မှာ​ရန်​သူ​များ​စွာ​ရှိ​ပါ​၏။ကိုယ်​တော်​၏​အ​လို​တော်​အ​တိုင်း​ပြု​ကျင့်​ရန် ကျွန်​တော်​မျိုး​အား​လမ်း​ပြ​တော်​မူ​ပါ။ကျွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင်လိုက်​လျှောက်​စေ​လို​သည့်​လမ်း​ကို ဖြောင့်​ဖြူး​စေ​တော်​မူ​ပါ။

9. ကျွန်​တော်​မျိုး​၏​ရန်​သူ​များ​စ​ကား​ကို အ​ဘယ်​အ​ခါ​၌​ယုံ​ကြည်​၍​မ​ရ​ပါ။သူ​တို့​တွင်​ဖျက်​ဆီး​လို​စိတ်​သာ​လျှင်​ရှိ​ပါ​၏။သူ​တို့​၏​ခံ​တွင်း​သည်​ပွင့်​လျက်​နေ​သော သင်္ချိုင်း​တွင်း​နှင့်​တူ​ပါ​၏။သူ​တို့​၏​လျှာ​သည်​လည်း​မြှောက်​ပင့်​လိမ်​လည် လှည့်​စား​တတ်​ပါ​၏။

ဆာ​လံ 5