ဆာ​လံ 45:10-14 Common Language Bible (BCL)

10. အ​ရှင်​မင်း​ကြီး​၏​ကြင်​ရာ​တော်​လောင်း၊ နား​ထောင်​ပါ​လော့။သင်​သည်​ကိုယ့်​အ​မျိုး​သား​များ​နှင့်​ဆွေ​မျိုး​တို့​ကို မေ့​ပစ်​ပါ​လော့။

11. သင်​၏​လှ​ပ​သော​အ​ဆင်း​သည်​မင်း​ကြီး​အား သင့်​ကို​နှစ်​သက်​စွဲ​လန်း​စေ​လိမ့်​မည်။မင်း​ကြီး​သည်​သင်​၏​အ​ရှင်​သ​ခင်​ဖြစ်​သ​ဖြင့် သင်​သည်​သူ​၏​စ​ကား​ကို​နား​ထောင်​ရ​မည်။

12. တု​ရု​ပြည်​သား​တို့​သည်​သင့်​ထံ​မှ​မျက်​နှာ ရ​အောင် ကြိုး​စား​ကြ​လိမ့်​မည်။ချမ်း​သာ​ကြွယ်​ဝ​သူ​တို့​သည်​သင့်​ထံ​မှ မျက်​နှာ​ရ​အောင်​ကြိုး​စား​ကြ​လိမ့်​မည်။

13. မင်း​သ​မီး​သည်​နန်း​တွင်း​သို့​ရောက်​လေ​ပြီ။သူ​သည်​အ​လွန်​လှ​ပ​တင့်​တယ်​ပါ​သည်​တ​ကား။သူ​၏​ဝတ်​လဲ​တော်​ကို​ရွှေ​ချည်​ဖြင့် ရက်​လုပ်​ထား​ပေ​သည်။

14. သူ​သည်​အ​ရောင်​အ​ဝါ​တောက်​ပ​သည့် အ​ဝတ်​တန်​ဆာ​ကို​ဝတ်​ဆင်​ထား​၏။သူ့​ကို​အ​ပျို​ရံ​များ​လိုက်​ပါ​လျက်​မင်း​ကြီး ထံ​သို့ ခေါ်​ဆောင်​ခဲ့​ကြ​၏။အ​ပျို​ရံ​များ​ကို​လည်း​မင်း​ကြီး​ထံ​သို့ ခေါ်​ဆောင်​ခဲ့​ကြ​၏။

ဆာ​လံ 45