1. အို ဘုရားသခင်၊ ရှေးကာလကဘိုးဘေးတို့လက်ထက်၌ကိုယ်တော်ပြုတော်မူခဲ့သောအမှုအရာများ အကြောင်းကိုသူတို့ပြောပြသဖြင့်ကျွန်တော်မျိုးတို့ကိုယ်တိုင်ကြားကြရပါပြီ။
2. ကိုယ်တော်ရှင်ကိုယ်တိုင်အခြားလူမျိုးတို့အား နှင်ထုတ်တော်မူ၍ကိုယ်တော်၏လူစုတော်အားထိုသူတို့၏ပြည်တွင် နေရာချထားတော်မူကြောင်း၊လူမျိုးခြားတို့အားအပြစ်ဒဏ်ပေးတော်မူ၍ကိုယ်တော်ရှင်၏လူစုတော်အားကြီးပွား တိုးတက်စေတော်မူကြောင်းကိုပြောပြပါ၏။
15-16. ရန်သူများနှင့်လက်စားချေသူတို့မခိုးမခန့် စော်ကားပြောဆိုကြသည့်စကားများကြောင့်ကျွန်တော်မျိုးသည်အစဉ်အမြဲအသရေ ပျက်၍ အရှက်ကွဲလျက်နေပါ၏။