5. ရန်သူများသည်ငါ၏အကြောင်းမကောင်း ပြောကြ၏။သူတို့က``ဤသူသည်အဘယ်အခါ၌သေ၍သူ၏နာမည်ကိုလူတို့မေ့ပျောက်သွားမည်နည်း'' ဟုမနာလိုစိတ်ဖြင့်ဆိုကြ၏။
6. ငါ့အားလာ၍ကြည့်ကြသူများသည်စိတ်ရိုးသဘောရိုးရှိသူများမဟုတ်။သူတို့သည်ငါ၏အကြောင်းမကောင်းသတင်း များကိုရှာဖွေစုဆောင်းလျက်နေရာအနှံ့အပြားသို့ သွား၍ပြောဆိုတတ်ကြ၏။
7. ငါ့ကိုမုန်းသောသူအပေါင်းတို့သည်ငါ့အကြောင်း အချင်းချင်းတီးတိုးပြောဆိုတတ်ကြ၏။
8. သူတို့က``ဤသူသည်အသဲအသန်ဖျား နာလျက်ရှိ၏။နောက်တစ်ဖန်အဘယ်အခါ၌မျှအိပ်ရာပေါ်မှ ထနိုင်တော့မည်မဟုတ်'' ဟုဆိုကြ၏။
9. ငါအချစ်ဆုံး၊ငါအားအကိုးဆုံး၊ ငါနှင့်ထမင်းလက်ဆုံစားသူ၊ငါ၏မိတ်ဆွေကပင်လျှင်ငါ့ကိုခြေဖြင့် ကျောက်ကန်လေပြီ။