7. ကိုယ်တော်၏စီရင်တော်မူချက်ကိုသည်းခံ၍ စောင့်မျှော်လော့။ကောင်းစားသူတို့ကြောင့်လည်းကောင်း၊ အကြံအစည်အောင်မြင်သောဆိုးညစ်သူတို့ကြောင့်လည်းကောင်းပူပင်သောက မဖြစ်နှင့်။
8. မစိုးရိမ်နှင့်။ ဒေါသအမျက်မထွက်နှင့်။စိုးရိမ်မှုနှင့်ဒေါသအမျက်သည်သင့်အား ဆိုးကျိုးသာပေးလိမ့်မည်။
9. ထာဝရဘုရားကိုကိုးစားသောသူတို့ သည် ပြည်တော်ကိုပိုင်ရကြလိမ့်မည်။သို့ရာတွင်သူယုတ်မာတို့မူကားပြည်နှင် ဒဏ်ကို ခံရကြလိမ့်မည်။
10. ကာလအနည်းငယ်အတွင်း၌သူယုတ်မာ တို့သည် ပျောက်ကွယ်သွားကြလိမ့်မည်။သင်သည်သူတို့ကိုရှာသော်လည်း တွေ့လိမ့်မည်မဟုတ်။