7. သူတို့သည်အကြောင်းမဲ့ကျွန်တော်မျိုးအတွက်ကျော့ကွင်းကိုထောင်၍ကျွန်တော်မျိုးကိုဖမ်းရန် တွင်းကိုနက်စွာတူးကြပါ၏။
8. သို့ရာတွင်သူတို့သည်အမှတ်မထင်ပျက်စီး ဆုံးပါး ရကြပါလိမ့်မည်။မိမိတို့ထောင်သည့်ကျော့ကွင်းတွင်ပြန်၍မိလျက်မိမိတို့တူးသောတွင်းထဲသို့ကျ၍ ပျက်စီးဆုံးပါးရကြပါလိမ့်မည်။
9. ထိုအခါငါသည်ထာဝရဘုရားကိုအမှီ ပြု၍ ဝမ်းမြောက်လိမ့်မည်။ကိုယ်တော်သည်ငါ့ကိုကယ်တော်မူသဖြင့်ငါသည်ရွှင်လန်းလိမ့်မည်။
10. ``ကိုယ်တော်နှင့်အဘယ်သူတူပါသနည်း။အဘယ်သူသည်ကိုယ်တော်ကဲ့သို့အားနွဲ့ သူကို အားကြီးသူ၏ဘေးမှလည်းကောင်း၊ဆင်းရဲနွမ်းပါးသူကိုဖိစီးနှိပ်စက်တတ်သူ၏ ဘေးမှလည်းကောင်းကွယ်ကာစောင့်ရှောက်ပါသနည်း'' ဟုထာဝရဘုရားအားခံစားချက်အပြည့် အဝဖြင့် ငါလျှောက်ထားမည်။
11. ဆိုးညစ်သူတို့သည်ငါအဘယ်အခါမျှမကူးလွန်သည့်ပြစ်မှုများနှင့်ငါ့အား စွပ်စွဲကြ၏။
12. သူတို့သည်ငါ့အားကျေးဇူးကန်းကြ၏။ သို့ဖြစ်၍ငါသည်အလွန်စိတ်ပျက်လှ၏။
13. ငါမူကားထိုသူတို့ဖျားနာကြသောအခါ၊ဝမ်းနည်းသည့်အနေဖြင့်နှိမ့်ချဆုတောင်းလျက် လျှော်တေကိုဝတ်၍အစာမစားဘဲနေ၏။
14. ငါသည်မိတ်ဆွေသို့မဟုတ်ညီအစ်ကို၏အတွက် ဆုတောင်းပတ္ထနာပြုသကဲ့သို့စိတ်အားထက်သန်စွာသူတို့အတွက် ဆုတောင်းပတ္ထနာပြု၏။ငါ၏မိခင်အတွက်ပူဆွေးသကဲ့သို့၊ ဆုတောင်းပတ္ထနာပြု၏။
15. သို့ရာတွင်ငါဒုက္ခရောက်သောအခါ၊သူတို့အား လုံးပင် ဝမ်းမြောက်ကြလျက်ငါ့ကိုပြောင်လှောင်ရန်ဝိုင်းရံစုရုံးလာကြ၏။ငါမသိသောသူတို့သည်ငါ့အားရိုက်နှက်ကြ၏။ မရပ်မစဲဘဲရိုက်နှက်ကြ၏။