3. ကျွန်တော်မျိုးအားသေရွာမှပြန်၍ ခေါ်ဆောင်တော်မူခဲ့ပါ၏။ကျွန်တော်မျိုးသည်သင်္ချိုင်းတွင်းသို့ဆင်းလျက် ရှိခဲ့သော်လည်းကိုယ်တော်သည်ကျွန်တော်မျိုးအားမသေစေဘဲ အသက်ချမ်းသာပေးတော်မူပါ၏။
4. ကိုယ်တော်အားသစ္စာစောင့်သူတို့၊ထာဝရ ဘုရားအား ထောမနာသီချင်းဆိုကြလော့။သန့်ရှင်းမြင့်မြတ်တော်မူသောအရှင်ပြု တော်မူသောအမှုတော်ကိုအောက်မေ့သတိရလျက် ကျေးဇူးတော်ကိုချီးမွမ်းကြလော့။
5. ကိုယ်တော်အမျက်ထွက်တော်မူသည်မှာ ခဏသာလျှင်ဖြစ်၏။ကျေးဇူးပြုတော်မူသည်ကားတစ်သက်လုံး ဖြစ်သတည်း။ညဥ့်အခါ၌မျက်ရည်များပင်ကျစေကာမူမိုးသောက်ချိန်၌ကားဝမ်းမြောက်ရွှင်လန်း ခွင့်ကို ရရှိတတ်၏။
6. မိမိတွင်လုံခြုံမှုရှိပြီဟုယုံကြည်လျက်``ငါသည်အဘယ်အခါ၌မျှအရေးရှုံးနိမ့် ရလိမ့်မည်မဟုတ်'' ဟုကျွန်တော်မျိုးသည်တစ်ကိုယ်တည်းပြောဆိုခဲ့ ပါ၏။