ဆာ​လံ 26:3-7 Common Language Bible (BCL)

3. ကျွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော မေတ္တာ​တော်​သည်​လမ်း​ပြ​ပါ​၏။သစ္စာ​တော်​သည်​ကျွန်​တော်​မျိုး​အား အ​စဉ်​ပို့​ဆောင်​လျက်​ရှိ​ပါ​၏။

4. ကျွန်​တော်​မျိုး​သည်​လျှပ်​ပေါ်​သူ​တို့​နှင့် မ​ပေါင်း​မ​ဖော်​ပါ။သူ​တော်​ယောင်​ဆောင်​သူ​တို့​နှင့်​လည်း​မည်​သို့​မျှ မ​ဆက်​ဆံ​ပါ။

5. ဆိုး​ညစ်​သူ​တို့​၏​အ​ပေါင်း​အ​သင်း​တို့​ကို ရွံ​မုန်း​၍ သူ​ယုတ်​မာ​တို့​ကို​ရှောင်​ရှား​ပါ​၏။

6. အို ထာ​ဝ​ရ​ဘု​ရား၊ကျွန်​တော်​မျိုး​မှာ​အ​ပြစ်​မ​ရှိ​ကြောင်း​ပြ​သ​ရန်ကျွန်​တော်​မျိုး​သည်​မိ​မိ​၏​လက်​ကို​ဆေး​ကြော​ပြီး နောက်ကိုယ်​တော်​ရှင်​၏​ယဇ်​ပလ္လင်​ကို​လှည့်​ပတ်​၍ ဝတ်​ပြု​ကိုး​ကွယ်​ပါ​၏။

7. ကျွန်​တော်​မျိုး​သည်​ကျေး​ဇူး​တော်​ချီး​မွမ်း​ရာ သီ​ချင်း​ကို​ဆို​၍ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော​အံ့​သြ​ဖွယ် အ​မှု​အ​ရာ​အ​ပေါင်း​တို့​ကို​ပြော​ကြား​ပါ​၏။

ဆာ​လံ 26