ဆာ​လံ 24:5-9 Common Language Bible (BCL)

5. ထာ​ဝ​ရ​ဘု​ရား​သည်​ထို​သူ​အား​ကောင်း​ချီး ပေး​၍ ကယ်​တင်​တော်​မူ​လိမ့်​မည်။ထို​သူ​သည်​အ​ပြစ်​ကင်း​သူ​ဖြစ်​ကြောင်း ထာ​ဝ​ရ​ဘု​ရား​သည်​ကြေ​ညာ​တော်​မူ လိမ့်​မည်။

6. ထို​ကဲ့​သို့​သော​သူ​များ​ကား​ဘု​ရား​သ​ခင်​ထံ တော်​သို့ ချဉ်း​ကပ်​သူ​များ၊ယာ​ကုပ်​၏​ဘု​ရား​ကို​ကိုး​ကွယ်​ဝတ်​ပြု​ကြ သူ​များ​ပေ​တည်း။

7. မြို့​တံ​ခါး​တို့​ကို​ကျယ်​စွာ​ဖွင့်​လိုက်​ကြ။ ရှေး​ဟောင်း​တံ​ခါး​တို့​ကို​ဖွင့်​လိုက်​ကြ။ကြီး​မြတ်​တော်​မူ​သော​ရှင်​ဘု​ရင်​ဝင်​တော်​မူ မည်။

8. ထို​ကြီး​မြတ်​တော်​မူ​သော​ရှင်​ဘု​ရင်​ကား အ​ဘယ်​သူ​နည်း။ထို​အ​ရှင်​ကား​တန်​ခိုး​စွမ်း​ရည်​ရှိ​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား၊စစ်​ပွဲ​တွင်​အောင်​မြင်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ပေ​တည်း။

9. မြို့​တံ​ခါး​တို့​ကို​ကျယ်​စွာ​ဖွင့်​လိုက်​ကြ။ ရှေး​ဟောင်း​တံ​ခါး​တို့​ကို​ဖွင့်​လိုက်​ကြ။ကြီး​မြတ်​တော်​မူ​သော​ရှင်​ဘု​ရင်​ဝင်​တော် မူ​မည်။

ဆာ​လံ 24