1. ထာဝရဘုရားအားထောမနာပြုကြလော့။ဗိမာန်တော်တွင်ဘုရားသခင်အား ထောမနာပြုကြလော့။ကောင်းကင်ထက်တွင်ကိုယ်တော်၏တန်ခိုးတော်အား ထောမနာပြုကြလော့။
2. ကိုယ်တော်ပြုတော်မူသည့်မဟာအမှုတော်များအတွက်ကိုယ်တော်အား ထောမနာပြုကြလော့။အလွန်ကြီးမြတ်တော်မူသည်ဖြစ်၍ ထောမနာပြုကြလော့။
3. တံပိုးခရာများဖြင့်ကိုယ်တော်အား ထောမနာပြုကြလော့။စောင်းကြီးစောင်းငယ်များဖြင့်ကိုယ်တော်အား ထောမနာပြုကြလော့။
4. ပတ်သာကိုတီးလျက်၊ကခုန်လျက်ကိုယ်တော်အား ထောမနာပြုကြလော့။စောင်းများ၊ပြွေများဖြင့်ကိုယ်တော်အား ထောမနာပြုကြလော့။