ဆာ​လံ 147:15-18 Common Language Bible (BCL)

15. ကိုယ်​တော်​သည်​ကမ္ဘာ​မြေ​ကြီး​အား အ​မိန့်​ပေး​တော်​မူ​၏။ထို​အ​မိန့်​တော်​အ​တိုင်း​လျင်​မြန်​စွာ​ဖြစ် ပျက်​လာ​၏။

16. ကိုယ်​တော်​သည်​သိုး​မွေး​သ​ဖွယ်​ထူ​ထပ်​သော မိုး​ပွင့်​များ​ကို​ကျ​စေ​တော်​မူ​၍ပြာ​မှုန့်​သ​ဖွယ်​ဆီး​နှင်း​ခဲ​များ​ကို​ကြဲ​ချ တော်​မူ​၏။

17. ကိုယ်​တော်​သည်​မိုး​သီး​များ​ကို​မုန့်​ကျိုး မုန့်​ပဲ့​များ​သ​ဖွယ်​ကျ​စေ​တော်​မူ​၏။ကိုယ်​တော်​ရှင်​စေ​လွှတ်​တော်​မူ​လိုက်​သည့် အ​အေး​ဋ္ဌာတ်​ကို​အ​ဘယ်​သူ​မျှ​မ​ခံ နိုင်​ပေ။

18. ထို​နောက်​ကိုယ်​တော်​သည်​အ​မိန့်​ပေး​တော်​မူ​သ​ဖြင့် ရေ​ခဲ​သည်​အ​ရည်​ပျော်​လေ​၏။လေ​ကို​တိုက်​စေ​တော်​မူ​သ​ဖြင့် ရေ​သည်​စီး​ဆင်း​လေ​၏။

ဆာ​လံ 147