6. လူတို့သည်ကိုယ်တော်ရှင်၏အံ့သြဖွယ်ကောင်းသော မဟာအမှုတော်တို့ကိုကြားပြောကြပါလိမ့်မည်။ကျွန်တော်မျိုးသည်လည်းကိုယ်တော်ရှင်၏ ကြီးမြတ်တော်မူပုံကိုထုတ်ဖော်ကြေညာပါမည်။
7. သူတို့သည်ကိုယ်တော်ကောင်းမြတ်တော်မူကြောင်းကိုမြွက်ဆို၍ကိုယ်တော်ကောင်းမြတ်တော်မူကြောင်း သီချင်းဆိုကြပါလိမ့်မည်။
8. ထာဝရဘုရားသည်ချစ်တတ်သောသဘော၊ သည်းခံတတ်သောသဘောရှိတော်မူ၍ခိုင်မြဲသောမေတ္တာတော်နှင့်ကြွယ်ဝတော် မူ၏။
9. ကိုယ်တော်သည်လူတိုင်းကိုကျေးဇူးပြုတော် မူ၍မိမိဖန်ဆင်းတော်မူသမျှသောသတ္တဝါတို့ အား ကရုဏာထားတော်မူ၏။
10. အို ထာဝရဘုရား၊ကိုယ်တော်ရှင်ဖန်ဆင်းတော်မူသမျှသောသတ္တဝါတို့သည်ကိုယ်တော်ရှင်အားထောမနာ ပြုကြပါလိမ့်မည်။ကိုယ်တော်ရှင်၏လူစုတော်သည်ကျေးဇူး တော်ကို ချီးမွမ်းကြပါလိမ့်မည်။
11. သူတို့သည်ကိုယ်တော်ရှင်၏ဘုန်းအသရေ တော်နှင့်အာနုဘော်တော်အကြောင်းကိုပြောကြား ပါလိမ့်မည်။
12. ဤနည်းအားဖြင့်လူအပေါင်းတို့သည်ကိုယ်တော် ရှင်၏ မဟာအမှုတော်တို့ကိုလည်းကောင်း၊နိုင်ငံတော်၏ဘုန်းအသရေတော်ကိုလည်း ကောင်း သိရှိကြပါလိမ့်မည်။