7. အထက်ဘုံမှလက်တော်ကိုဆန့်တော်မူ၍ကျွန်တော်မျိုးအားရေနက်ရာမှဆွဲတင် ကယ်ဆယ်တော်မူပါ။တိုင်းတစ်ပါးသားတို့၏လက်မှကယ်တော်မူပါ။
8. ထိုသူတို့သည်အဘယ်အခါ၌မျှမှန်သော စကားကို မပြောတတ်ကြပါ။ကျမ်းကျိန်၍ပြောဆိုရာ၌ပင်လျှင် လိမ်လည်တတ်ကြပါ၏။
9. အို ဘုရားသခင်၊ကျွန်တော်မျိုးသည်သီချင်းသစ်ကိုဆို၍ ကိုယ်တော်ရှင်၏ဂုဏ်တော်ကိုချီးမွမ်းပါမည်။စောင်းကိုတီး၍သီချင်းဆိုကာဂုဏ်တော်ကို ချီးမွမ်းပါမည်။
10. ကိုယ်တော်ရှင်သည်ဘုရင်တို့အားစစ်ပွဲအောင်ခွင့်ကို ပေးတော်မူပါ၏။ကိုယ်တော်ရှင်၏အစေခံဒါဝိဒ်ကို ကယ်ဆယ်တော်မူပါ၏။