5. အို ထာဝရဘုရား၊ကူမတော်မူရန်ကျွန်တော်မျိုးသည် အထံတော်သို့ဟစ်အော်ပါ၏။အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားကွယ်ကာ စောင့်ရှောက်တော်မူသောအရှင်ဖြစ်တော်မူပါ၏။ဤဘဝတွင်ကိုယ်တော်ရှင်တစ်ပါးတည်းသာ လျှင် ကျွန်တော်မျိုးတောင့်တပါ၏။
6. ကူမတော်မူရန်ကျွန်တော်မျိုးအော်ဟစ်သံကို နားထောင်တော်မူပါ။ကျွန်တော်မျိုးသည်အလွန်စိတ်ပျက် အားလျော့လျက်ရှိပါ၏။ကျွန်တော်မျိုးထက်များစွာခွန်အားကြီးမား သောရန်သူများ၏လက်မှကျွန်တော်မျိုးအား ကယ်တော်မူပါ။
7. ကျွန်တော်မျိုးအားဆင်းရဲဒုက္ခထဲမှလွတ်မြောက် စေတော်မူပါ။ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားယင်းသို့ကျေးဇူးပြုတော်မူသောကြောင့်ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ လူစုတော်အလယ်တွင်ကိုယ်တော်ရှင်အားထောမနာပြုပါမည်။