2. ထာဝရဘုရားသည်အသိပညာရှိသူများ၊မိမိအားကိုးကွယ်ဝတ်ပြုသူများရှိမရှိကို သိမြင်ရန်ကောင်းကင်ဘုံမှငုံ့၍လူသားတို့အား ကြည့်တော်မူ၏။
3. သို့ရာတွင်လူအပေါင်းတို့သည်လမ်းလွဲ ကြကုန်လေပြီ။သူတို့အားလုံးပင်တညီတညွတ်တည်း ဆိုးညစ်ကြ၏။သူတို့တွင်အကျင့်ကောင်းကိုပြုကျင့်သူမရှိ။ တစ်ဦးတစ်ယောက်မျှမရှိ။
4. ထာဝရဘုရားက``ထိုသူတို့သည်မသိနားမလည်သူများပေလော။ဤသူယုတ်မာများသည်အသိပညာကင်းမဲ့ သူများပေလော။သူတို့သည်ငါ၏လူစုတော်ထံမှလုယူ တိုက်ခိုက်၍ အသက်မွေးကြကုန်သည်။ငါ၏ထံသို့လည်းဆုတောင်းပတ္ထနာမပြု ကြ'' ဟုမိန့်တော်မူ၏။
5. သို့ရာတွင်ဘုရားသခင်သည်ကိုယ်တော်၏ စကားကိုနားထောင်သူတို့နှင့်အတူရှိတော်မူသောကြောင့် သူတို့သည်ထိတ်လန့်တုန်လှုပ်ကြရလိမ့်မည်။