1. အို ထာဝရဘုရား၊ ကိုယ်တော်သည်ကျွန်တော်မျိုးအားအဘယ်ကာလတိုင်အောင်မေ့လျော့၍ နေတော်မူပါမည်နည်း။ထာဝစဉ်မေ့လျော့၍နေတော်မူမည်လော။အဘယ်ကာလတိုင်အောင်မျက်နှာတော်ကို လွှဲတော်မူပါမည်နည်း။
2. ကျွန်တော်မျိုးသည်အဘယ်ကာလတိုင်အောင် ဒုက္ခခံရပါမည်နည်း။အဘယ်ကာလတိုင်အောင်နေ့ရောညပါ ဝမ်းနည်းကြေကွဲလျက်နေရပါမည်နည်း။ကျွန်တော်မျိုး၏ရန်သူများသည်အဘယ်ကာလတိုင်အောင်ကျွန်တော်မျိုးအပေါ်တွင် အနိုင်ရကြပါမည်နည်း။