ဆာ​လံ 118:5-15-16 Common Language Bible (BCL)

10. ငါ​၏​ပတ်​လည်​တွင်​ရန်​သူ​အ​များ​ပင်​ရှိ​သော် လည်းငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​တန်​ခိုး​တော် အား​ဖြင့် သူ​တို့​ကို​သုတ်​သင်​ဖျက်​ဆီး​ပစ်​၏။

11. သူ​တို့​သည်​အ​ဘက်​ဘက်​မှ​ငါ့​ကို​ဝိုင်း​ရံ​လျက် နေ​ကြ​သော်​လည်းငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​တန်​ခိုး​တော် အား​ဖြင့် သူ​တို့​ကို​သုတ်​သင်​ဖျက်​ဆီး​ပစ်​၏။

12. သူ​တို့​သည်​ပျား​များ​ကဲ့​သို့​ငါ့​ထံ​သို့ ဝိုင်း​အုံ​၍ လာ​ကြ​သော်​လည်းဆူး​ချုံ​ကို​လောင်​သော​မီး​ကဲ့​သို့​လျင်​မြန်​စွာ ချုပ်​ငြိမ်း​၍​သွား​ကြ​၏။ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​တန်​ခိုး​တော်​အား​ဖြင့် သူ​တို့​ကို​သုတ်​သင်​ဖျက်​ဆီး​ပစ်​လိုက်​၏။

13. ငါ​သည်​ပြင်း​ထန်​စွာ​တိုက်​ခိုက်​ခြင်း​ကို​ခံ​ရ​၍ အ​ရေး​ရှုံး​နိမ့်​နေ​သော်​လည်းထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို​ကူ​မ​တော်​မူ​၏။

14. ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​တန်​ခိုး​စွမ်း​ရည် ကြီး​မား​စေ​တော်​မူ​၏။ကိုယ်​တော်​သည်​ငါ့​ကို​ကယ်​တင်​တော်​မူ ပြီ။

ဆာ​လံ 118