ဆာ​လံ 111:5-8 Common Language Bible (BCL)

5. ကိုယ်​တော်​ကို​ကြောက်​ရွံ့​ရို​သေ​သူ​တို့​အား ကျွေး​မွေး​တော်​မူ​၏။မိ​မိ​ပ​ဋိ​ညာဉ်​တော်​ကို​အ​ဘယ်​အ​ခါ​၌​မျှ မေ့​လျော့​တော်​မ​မူ။

6. ကိုယ်​တော်​သည်​အ​ခြား​လူ​မျိုး​တို့​၏​နယ်​မြေ များ​ကိုမိ​မိ​၏​လူ​စု​တော်​အား​ပေး​တော်​မူ​ခြင်း အား​ဖြင့် တန်​ခိုး​တော်​ကို​ပြ​တော်​မူ​လေ​ပြီ။

7. ကိုယ်​တော်​ပြု​လေ​သ​မျှ​သော​အ​မှု​တို့​သည် သစ္စာ​နှင့်​လည်း​ကောင်း၊တ​ရား​မျှ​တ​မှု​နှင့်​လည်း​ကောင်း​ညီ​ပါ​၏။ကိုယ်​တော်​၏​ပ​ညတ်​တော်​မှန်​သ​မျှ​သည် ယုံ​ကြည်​အား​ထား​ထိုက်​ပါ​ပေ​သည်။

8. ထို​ပ​ညတ်​တော်​တို့​သည်​ထာ​ဝ​စဉ်​တည်​ပါ​၏။ယင်း​တို့​ကို​သစ္စာ​တ​ရား​နှင့်​လည်း​ကောင်း၊ဖြောင့်​မတ်​ခြင်း​တ​ရား​နှင့်​လည်း​ကောင်း စီ​ရင်​ထား​တော်​မူ​ပြီ။

ဆာ​လံ 111