ဆာ​လံ 102:1-4 Common Language Bible (BCL)

1. အို ထာ​ဝ​ရ​ဘု​ရား၊ကျွန်​တော်​မျိုး​၏​ဆု​တောင်း​ပတ္ထ​နာ​ကို နား​ထောင်​တော်​မူ​ပါ။ကယ်​မ​တော်​မူ​ရန်​ကျွန်​တော်​မျိုး​အော်​ဟစ်​သံ​ကို ကြား​တော်​မူ​ပါ။

2. ကျွန်​တော်​မျိုး​ဒုက္ခ​ရောက်​ချိန်​၌​မျက်​နှာ​တော်​ကို လွှဲ​တော်​မ​မူ​ပါ​နှင့်။ကျွန်​တော်​မျိုး​ခေါ်​သော​အ​ခါ​နား​ထောင်​တော်​မူ​၍ လျင်​မြန်​စွာ​ထူး​တော်​မူ​ပါ။

3. ကျွန်​တော်​မျိုး​၏​ဘ​ဝ​အ​သက်​တာ​သည် မီး​ခိုး​ကဲ့​သို့​လွင့်​ပျောက်​လျက်ကျွန်​တော်​မျိုး​၏​ကိုယ်​ခန္ဓာ​သည် မီး​ကဲ့​သို့​လောင်​ကျွမ်း​လျက်​နေ​ပါ​၏။

4. ကျွန်​တော်​မျိုး​သည်​မြက်​ပင်​ကဲ့​သို့​အ​ထိ​အ​ခိုက် ခံ​ရ​၍​ညှိုး​နွမ်း​လျက်​ရှိ​ပါ​၏။ကျွန်​တော်​မျိုး​မှာ​အ​စား​စား​ချင်​စိတ်​မ​ရှိ တော့​ပါ။

19-20. အ​ကျဉ်း​ခံ​နေ​ရ​သူ​များ​၏​ညည်း​တွား​သံ​များ​ကို နား​ထောင်​တော်​မူ​ရန်​လည်း​ကောင်း၊သေ​ဒဏ်​စီ​ရင်​ခြင်း​ခံ​ရ​သူ​တို့​အား​လွတ်​ငြိမ်း​ခွင့် ပေး​တော်​မူ​ရန်​လည်း​ကောင်းထာ​ဝ​ရ​ဘု​ရား​သည်​သန့်​ရှင်း​မြင့်​မြတ်​သည့် အ​ထက်​ဘုံ​မှ​ငုံ့​၍​ကြည့်​တော်​မူ​၏။ကိုယ်​တော်​သည်​ကောင်း​ကင်​ဘုံ​မှ​ငုံ့​၍ ကမ္ဘာ​ကို​စစ်​ဆေး​ကြည့်​ရှု​တော်​မူ​၏။

21-22. သို့​ဖြစ်​၍​အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​မှ လူ​မျိုး​တ​ကာ​တို့​သည်စု​ရုံး​လာ​ကြ​ပြီး​လျှင်​ထာ​ဝ​ရ​ဘု​ရား​အားကိုး​ကွယ်​ဝတ်​ပြု​ကြ​သော​အ​ခါ​ဇိ​အုန်​တောင် ပေါ်​၌ ကိုယ်​တော်​၏​နာ​မ​တော်​ကို​ကြေ​ညာ​ကြ​လိမ့်​မည်။ယေ​ရု​ရှ​လင်​မြို့​တွင်​ကိုယ်​တော်​၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ​လိမ့်​မည်။

ဆာ​လံ 102