ဂ​လာ​တိ 4:4-5-22 Common Language Bible (BCL)

6. သင်​တို့​သည်​ကိုယ်​တော်​၏​သား​များ​ဖြစ်​ကြောင်း သက်​သေ​ပြ​ရန်``အဗ္ဗ၊ အ​ဘ'' ဟု​ကြွေး​ကြော်​သော သား​တော်​၏​ဝိ​ညာဉ်​တော်​ကို​ငါ​တို့​စိတ်​နှ​လုံး ထဲ​သို့​ဘု​ရား​သ​ခင်​စေ​လွှတ်​တော်​မူ​၏။-

7. သို့​ဖြစ်​၍​သင်​သည်​ကျွန်​မ​ဟုတ်​တော့​ဘဲ​သား ဖြစ်​လေ​ပြီ။ သား​ဖြစ်​သ​ဖြင့်​သား​များ​ခံ​စား ထိုက်​သည်​များ​ကို​ဘု​ရား​သ​ခင်​သည်​သင့် အား​ပေး​တော်​မူ​လတ္တံ့။

8. အ​ခါ​တစ်​ပါး​က​သင်​တို့​သည်​ဘု​ရား​သ​ခင်​ကို မ​သိ​ကြ​သ​ဖြင့် မ​စစ်​မ​မှန်​သော​ဘု​ရား​တို့​၏ ကျွန်​ဖြစ်​ခဲ့​ကြ​၏။-

9. ယ​ခု​မှာ​မူ​သင်​တို့​သည်​ဘု​ရား​သ​ခင်​ကို​သိ​ရှိ လာ​ကြ​လေ​ပြီ။ သင်​တို့​အား​ဘု​ရား​သ​ခင်​သိ​ရှိ တော်​မူ​လေ​ပြီ​ဟု​ငါ​ဆို​သင့်​၏။ သို့​ဖြစ်​၍​သင်​တို့ သည်​အား​နည်း​၍​သ​နား​စ​ရာ​ကောင်း​သည့်​ဝိ​ညာဉ် များ​ထံ​သို့​အ​ဘယ်​ကြောင့်​ပြန်​လည်​သွား​လို​ကြ သ​နည်း။ အ​ဘယ်​ကြောင့်​သူ​တို့​၏​ကျွန်​ပြန်​၍ ဖြစ်​လို​ကြ​သ​နည်း။-

ဂ​လာ​တိ 4