ကမ္ဘာ​ဦး 7:7-20 Common Language Bible (BCL)

7. နော​ဧ​နှင့်​သူ​၏​မ​ယား၊ သား​များ​နှင့်​ချွေး​မ များ​သည် ရေ​လွှမ်း​မိုး​ခြင်း​ဘေး​မှ​လွတ်​မြောက် ရန်​သင်္ဘော​ထဲ​သို့​ဝင်​ရောက်​ကြ​၏။-

10. ခု​နစ်​ရက်​ကြာ​သော်​ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင် ရေ​လွှမ်း​လေ​၏။

11. နော​ဧ​အ​သက်​ခြောက်​ရာ​ပြည့်​သော​နှစ်၊ ဒု​တိ​ယ လ​တစ်​ဆယ့်​ခု​နစ်​ရက်​နေ့​၌​သ​မုဒ္ဒ​ရာ​စမ်း​ပေါက် တို့​ပွင့်​လေ​၏။ မိုး​ကောင်း​ကင်​ရေ​တံ​ခါး​အား​လုံး တို့​လည်း​ပွင့်​သ​ဖြင့်၊-

12. ကမ္ဘာ​မြေ​ကြီး​တွင်​အ​ရက်​လေး​ဆယ်​ကြာ​မျှ နေ့​ည​မ​ပြတ်​မိုး​ရွာ​သွန်း​လေ​၏။-

13. ထို​နေ့​၌​ပင်​နော​ဧ​နှင့်​သူ​၏​မ​ယား၊ သား​သုံး ယောက်​ဖြစ်​ကြ​သော​ရှေ​မ၊ ဟာ​မ၊ ယာ​ဖက်​နှင့် သူ​တို့​၏​မယား​တို့​သည်​သင်္ဘော​ထဲ​သို့​ဝင်​ကြ​၏။-

14. တိရစ္ဆာန်​အ​ယဉ်​အ​ရိုင်း၊ အ​ကြီး​အ​ငယ်​အ​မျိုး မျိုး​နှင့် ငှက်​အ​မျိုး​မျိုး​တို့​သည်​လည်း သူ​တို့ နှင့်​အ​တူ​သင်္ဘော​ထဲ​သို့​ဝင်​ကြ​၏။-

17. အ​ရက်​လေး​ဆယ်​ကြာ​မျှ​ကမ္ဘာ​မြေ​ကြီး​ပေါ် တွင် ဆက်​လက်​၍​ရေ​လွှမ်း​မိုး​လာ​ရာ​သင်္ဘော​သည် မြေ​ပေါ်​မှ​ကြွ​တက်​၏။-

18. ရေ​ပို​၍​နက်​လာ​သော​အ​ခါ သင်္ဘော​သည်​ရေ​ပေါ် ၌​ပေါ်​လာ​၏။-

19. ရေ​နက်​သည်​ထက်​နက်​လာ​ပြန်​သ​ဖြင့် အ​မြင့် ဆုံး​သော​တောင်​တို့​သည်​ပင်​လျှင်​ရေ​မြုပ်​ကြ ကုန်​၏။-

20. ထို​နောက်​တောင်​ထိပ်​များ​အ​ထက်​သို့​နှစ်​ဆယ့် ငါး​ပေ​အ​ထိ​ရေ​တက်​လာ​လေ​၏။-

ကမ္ဘာ​ဦး 7