11. နောဧအသက်ခြောက်ရာပြည့်သောနှစ်၊ ဒုတိယ လတစ်ဆယ့်ခုနစ်ရက်နေ့၌သမုဒ္ဒရာစမ်းပေါက် တို့ပွင့်လေ၏။ မိုးကောင်းကင်ရေတံခါးအားလုံး တို့လည်းပွင့်သဖြင့်၊-
12. ကမ္ဘာမြေကြီးတွင်အရက်လေးဆယ်ကြာမျှ နေ့ညမပြတ်မိုးရွာသွန်းလေ၏။-
13. ထိုနေ့၌ပင်နောဧနှင့်သူ၏မယား၊ သားသုံး ယောက်ဖြစ်ကြသောရှေမ၊ ဟာမ၊ ယာဖက်နှင့် သူတို့၏မယားတို့သည်သင်္ဘောထဲသို့ဝင်ကြ၏။-
14. တိရစ္ဆာန်အယဉ်အရိုင်း၊ အကြီးအငယ်အမျိုး မျိုးနှင့် ငှက်အမျိုးမျိုးတို့သည်လည်း သူတို့ နှင့်အတူသင်္ဘောထဲသို့ဝင်ကြ၏။-
15-16. ဘုရားသခင်မိန့်မှာတော်မူသည့်အတိုင်း သက် ရှိသတ္တဝါတစ်မျိုးစီမှအဖိုနှင့်အမအစုံ တို့သည် နောဧနှင့်သင်္ဘောထဲသို့ဝင်ကြ၏။ နောဧ သင်္ဘောထဲသို့ဝင်ပြီးနောက်ထာဝရဘုရားသည် တံခါးကိုပိတ်တော်မူ၏။
17. အရက်လေးဆယ်ကြာမျှကမ္ဘာမြေကြီးပေါ် တွင် ဆက်လက်၍ရေလွှမ်းမိုးလာရာသင်္ဘောသည် မြေပေါ်မှကြွတက်၏။-
18. ရေပို၍နက်လာသောအခါ သင်္ဘောသည်ရေပေါ် ၌ပေါ်လာ၏။-
19. ရေနက်သည်ထက်နက်လာပြန်သဖြင့် အမြင့် ဆုံးသောတောင်တို့သည်ပင်လျှင်ရေမြုပ်ကြ ကုန်၏။-
20. ထိုနောက်တောင်ထိပ်များအထက်သို့နှစ်ဆယ့် ငါးပေအထိရေတက်လာလေ၏။-