14. ယောသပ်သည်အဖကိုသင်္ဂြိုဟ်ပြီးနောက်သူ ၏ညီအစ်ကိုများမှစ၍ အခြားလိုက်ပါလာ ကြသူအပေါင်းတို့နှင့်တကွအီဂျစ်ပြည် သို့ပြန်ခဲ့လေသည်။
15. ယာကုပ်အနိစ္စရောက်ပြီးနောက်ညီအစ်ကိုတို့ က``ငါတို့သည်ယောသပ်အားဒုက္ခရောက်စေခဲ့ သည့်အတွက် သူကအငြိုးထား၍လက်စားချေ မည်ကိုစိုးရိမ်ရသည်'' ဟုအချင်းချင်းပြော ဆိုကြ၏။-
16-17. ထို့ကြောင့်သူတို့သည်ယောသပ်ထံသို့တမန် ကိုစေလွှတ်၍``ကျွန်ုပ်တို့သည်ကိုယ်တော်အား ပြစ်မှားမိခဲ့သည့်အတွက်အပြစ်ကိုလွှတ် တော်မူပါ'' ဟုကိုယ်တော်အားတောင်းပန်ရန် အဖအနိစ္စမရောက်မီကမှာကြားခဲ့ပါ သည်။ ထို့ကြောင့်အဖကိုးကွယ်သည့်ဘုရားသခင်၏ကျွန်များဖြစ်ကြသောကျွန်ုပ်တို့ အားအပြစ်လွှတ်တော်မူပါ'' ဟူ၍လျှောက် စေ၏။ ယောသပ်သည်ထိုလျှောက်ထားချက် ကိုကြားရသောအခါငိုကြွေးလေ၏။
18. ထိုနောက်ယောသပ်၏ညီအစ်ကိုတို့သည်သူ့ ထံသို့ဝင်ရောက်၍ရှေ့တွင်ပျပ်ဝပ်လျက်``ကိုယ် တော်၏ကျွန်များရှေ့တော်သို့ရောက်ရှိနေ ကြပါသည်'' ဟုလျှောက်ကြ၏။