ကမ္ဘာ​ဦး 48:6-20 Common Language Bible (BCL)

6. သင်​၌​နောက်​ထပ်​သား​များ​ရ​လျှင်​ထို​သား တို့​သည်​ငါ​၏​သား​များ​မ​ဟုတ်။ ထို​သား​တို့ သည်​ဧ​ဖ​ရိမ်​နှင့်​မ​နာ​ရှေ​တို့​မှ​တစ်​ဆင့် သာ​အ​မွေ​ဆက်​ခံ​ခွင့်​ရှိ​စေ​မည်။-

7. ငါ​သည်​သင်​၏​မိ​ခင်​ရာ​ခေ​လ​အ​တွက် ကြောင့်​ဤ​သို့​စီ​မံ​ရ​သည်။ ငါ​သည်​မက်​ဆို ပို​တေး​မီး​ယား​ပြည်​မြောက်​ပိုင်း​မှ​ပြန်​လာ စဉ် သင်​၏​မိ​ခင်​ရာ​ခေ​လ​သည်​ခါ​နာန်​ပြည် ဧ​ဖ​ရတ်​မြို့​အ​နီး​၌​ကွယ်​လွန်​၍​ငါ​သည် အ​လွန်​ဝမ်း​နည်း​ပူ​ဆွေး​၏။ ငါ​သည်​သူ​၏ အ​လောင်း​ကို​ဧ​ဖ​ရတ်​မြို့​သို့​သွား​ရာ​လမ်း အ​နီး​၌​သင်္ဂြိုဟ်​ခဲ့​၏'' ဟု​ဆို​လေ​၏။ (ဧ​ဖ​ရတ် မြို့​ကို​ယ​ခု​အ​ခါ​ဗက်​လင်​မြို့​ဟု​ခေါ် သည်။)

8. ယာ​ကုပ်​သည်​ယော​သပ်​၏​သား​နှစ်​ယောက် ကို​မြင်​လျှင်``ဤ​သူ​ငယ်​တို့​သည်​မည်​သူ​နည်း'' ဟု​မေး​၏။

9. ယော​သပ်​က``ဘု​ရား​သ​ခင်​က​အီ​ဂျစ် ပြည်​တွင် ကျွန်​တော်​အား​ပေး​သ​နား​တော် မူ​သော​သား​များ​ဖြစ်​ပါ​သည်'' ဟု​ဖြေ​၏။ထို​အ​ခါ​ယာ​ကုပ်​က``သူ​တို့​အား​ငါ ကောင်း​ချီး​ပေး​ရန်​ငါ့​အ​နီး​သို့​ခေါ်​ခဲ့ လော့'' ဟု​ဆို​လေ​၏။-

10. ယာ​ကုပ်​သည်​အ​သက်​အ​ရွယ်​အို​မင်း​ပြီ ဖြစ်​သော​ကြောင့် မျက်​စိ​မှုန်​၍​ကောင်း​စွာ​မ မြင်​နိုင်။ ယော​သပ်​သည်​သူ​၏​သား​များ​ကို ယာ​ကုပ်​အ​နီး​သို့​ခေါ်​ခဲ့​ရာ သူ​သည်​သူ​ငယ် များ​ကို​ဖက်​၍​နမ်း​ရှုပ်​လေ​၏။-

11. ယာ​ကုပ်​က​ယော​သပ်​အား``ငါ​သည်​သင့်​ကို နောက်​တစ်​ဖန်​မြင်​ရ​ဦး​မည်​ဟု​မ​မျှော်​လင့် ခဲ့။ ဘု​ရား​သ​ခင်​သည်​ယ​ခု​ငါ့​အား​သင်​၏ သား​တို့​ကို​ပင်​မြင်​ခွင့်​ပေး​တော်​မူ​ပြီ'' ဟု ဆို​လေ​၏။-

12. ထို​နောက်​မိ​မိ​၏​သား​တို့​ကို​အဖ​၏​ဒူး​များ ကြား​မှ​ထုတ်​ပြီး​နောက် ယော​သပ်​သည်​အ​ဖ ၏​ရှေ့​၌​ဦး​ညွှတ်​ချ​လေ​၏။

13. ထို​နောက်​ဧ​ဖ​ရိမ်​ကို​ယာ​ကုပ်​၏​အ​နီး​လက်ဝဲ ဘက်​၌​လည်း​ကောင်း၊ မ​နာ​ရှေ​ကို​လက်​ယာ ဘက်​၌​လည်း​ကောင်း​ရပ်​စေ​၏။-

14. သို့​ရာ​တွင်​ယာ​ကုပ်​သည်​မိ​မိ​လက်​ကို​ယှက် ၍​သား​ငယ်​ဖြစ်​သူ ဧ​ဖ​ရိမ်​၏​ဦး​ခေါင်း​ပေါ် တွင်​လက်​ယာ​လက်​ကို​လည်း​ကောင်း၊ သား​ကြီး ဖြစ်​သူ​မ​နာ​ရှေ​၏​ဦး​ခေါင်း​ပေါ်​တွင်​လက် ဝဲ​လက်​ကို​လည်း​ကောင်း​တင်​၍၊

17. ယော​သပ်​သည်​အ​ဖ​က ဧ​ဖ​ရိမ်​၏​ဦး​ခေါင်း ပေါ်​တွင်​လက်​ယာ​လက်​တင်​သည်​ကို​မြင်​ရ သော​အ​ခါ စိတ်​မ​ချမ်း​မ​သာ​ဖြစ်​၏။ သူ​သည် ဧ​ဖ​ရိမ်​၏​ဦး​ခေါင်း​ပေါ်​မှ အ​ဖ​၏​လက်​ကို မ​နာ​ရှေ​၏​ဦး​ခေါင်း​ပေါ်​သို့​ပြောင်း​ရွှေ့​တင် စေ​လို​သ​ဖြင့်၊-

18. ``အ​ဖ​လက်​အ​ထား​မှား​နေ​ပါ​သည်။ ဤ​သူ ငယ်​သည်​သား​ကြီး​ဖြစ်​ပါ​၏။ သူ​၏​ဦး​ခေါင်း ပေါ်​မှာ​အ​ဖ​၏​လက်​ယာ​လက်​ကို​တင်​ပါ'' ဟု​ဆို​လေ​၏။

19. သို့​ရာ​တွင်​သူ​၏​အဖ​က​ငြင်း​ဆန်​၍``ငါ့​သား၊ အ​ဖ​သိ​ပါ​သည်။ မ​နာ​ရှေ​၏​အ​ဆက်​အ​နွယ် တို့​သည်​လည်း​လူ​မျိုး​ကြီး​ဖြစ်​လိမ့်​မည်။ သို့ သော်​လည်း​သူ့​ညီ​သည် သူ့​ထက်​သာ​၍​ကြီး မြတ်​မည်​ဖြစ်​၍ သူ​၏​အ​ဆက်​အ​နွယ်​တို့​သည် လူ​မျိုး​ကြီး​များ​ဖြစ်​လာ​လိမ့်​မည်'' ဟု​ဆို လေ​၏။

20. သို့​ဖြစ်​၍​ယာ​ကုပ်​က``ဣ​သ​ရေ​လ​အ​မျိုး​သား တို့​သည်​သင်​တို့​၏​နာ​မည်​များ​ကို​အ​သုံး ပြု​လျက်​ကောင်း​ချီး​ပေး​ကြ​လိမ့်​မည်။ သူ​တို့ က`ဧ​ဖ​ရိမ်​နှင့်​မ​နာ​ရှေ​တို့​ကဲ့​သို့​သင့်​ကို​ကြီး ပွား​စေ​ရန်​ဘု​ရား​သ​ခင်​ကူ​မ​တော်​မူ​ပါ​စေ သော' ဟု​ဆို​ကြ​လိမ့်​မည်'' ဟူ​၍​ထို​နေ့​၌​သူ ငယ်​တို့​အား​ကောင်း​ချီး​ပေး​လေ​၏။ ဤ​နည်း အား​ဖြင့်​ယာ​ကုပ်​သည်​ဧ​ဖ​ရိမ်​၏​နာ​မည် ကို​မ​နာ​ရှေ​၏​နာ​မည်​ရှေ့​၌​ထား​သ​တည်း။

ကမ္ဘာ​ဦး 48