ကမ္ဘာ​ဦး 48:2-6 Common Language Bible (BCL)

2. ယာ​ကုပ်​သည်​သား​ယော​သပ်​လာ​ကြောင်း​ကို ကြား​သိ​ရ​လျှင် အား​တက်​လျက်​အိပ်​ရာ​ပေါ် တွင်​ထိုင်​လေ​၏။-

3. ယာ​ကုပ်​က​ယော​သပ်​အား``အ​နန္တ​တန်​ခိုး​ရှင် ဘု​ရား​သ​ခင်​သည်​ခါ​နာန်​ပြည်၊ လု​ဇ​မြို့ ၌​ရူ​ပါ​ရုံ​တွင်​ငါ့​အား​ကောင်းချီး​ပေး​၍၊-

4. `သင်​၏​အ​ဆက်​အ​နွယ်​တို့​မှ​လူ​မျိုး​များ​စွာ ပေါ်​ထွန်း​စေ​ခြင်း​ငှာ သင့်​အား​သား​သမီး​များ စွာ​ထွန်း​ကား​စေ​မည်။ သင်​၏​အ​ဆက်​အ​နွယ် တို့​အား​ဤ​ပြည်​ကို​အ​မြဲ​အ​ပိုင်​ရ​စေ​မည်'' ဟု​ဆို​လေ​၏။

5. ထို​နောက်​ဆက်​လက်​၍``ငါ​အီ​ဂျစ်​ပြည်​သို့​မ ရောက်​မီ​မွေး​ဖွား​သော​သင်​၏​သား​နှစ်​ယောက် တို့​သည်​ငါ​နှင့်​ဆိုင်​၏။ ဧ​ဖ​ရိမ်​နှင့်​မ​နာ​ရှေ တို့​သည်​ရု​ဗင်​နှင့်​ရှိ​မောင်​တို့​ကဲ့​သို့​ငါ့​သား များ​ဖြစ်​ကြ​သည်။-

6. သင်​၌​နောက်​ထပ်​သား​များ​ရ​လျှင်​ထို​သား တို့​သည်​ငါ​၏​သား​များ​မ​ဟုတ်။ ထို​သား​တို့ သည်​ဧ​ဖ​ရိမ်​နှင့်​မ​နာ​ရှေ​တို့​မှ​တစ်​ဆင့် သာ​အ​မွေ​ဆက်​ခံ​ခွင့်​ရှိ​စေ​မည်။-

ကမ္ဘာ​ဦး 48