14. ယောသပ်သည်စပါးရောင်းရာမှရသောငွေ များကိုစုသိမ်း၍ နန်းတော်ငွေတိုက်သို့ပေး သွင်းလေ၏။-
15. အီဂျစ်ပြည်သားနှင့်ခါနာန်ပြည်သားတို့ တွင်စပါးဝယ်ရန်ငွေကုန်သောအခါ အီဂျစ် ပြည်သားတို့သည်ယောသပ်ထံသို့လာ၍``ကျွန် တော်တို့အားစားစရာပေးပါ။ ငတ်၍မသေ ပါရစေနှင့်။ ကျွန်တော်တို့တွင်ရိက္ခာဝယ်ရန် ငွေမကျန်တော့ပါ'' ဟုလျှောက်ကြလေ သည်။
16. ယောသပ်က``သင်တို့တွင်ငွေကုန်လျှင် သင်တို့ ၏သိုးနွားတိရစ္ဆာန်များကိုယူခဲ့ကြလော့။ တိရစ္ဆာန်များကိုစပါးနှင့်လဲလှယ်ပေးမည်'' ဟုဆိုလေ၏။-
17. သူတို့သည်တိရစ္ဆာန်များကိုယောသပ်ထံသို့ ယူဆောင်ခဲ့၍ယောသပ်သည်သူ့တို့၏ မြင်း၊ သိုး၊ ဆိတ်၊ နွား၊ မြည်းများကိုစားနပ်ရိက္ခာနှင့်လဲ လှယ်ပေးလေ၏။ ထိုနှစ်၌ပြည်သူပြည်သား တို့သည် မိမိတို့၏တိရစ္ဆာန်ရှိသမျှကိုစား နပ်ရိက္ခာနှင့်လဲလှယ်ကြလေသည်။