ကမ္ဘာ​ဦး 43:4-8 Common Language Bible (BCL)

4. အ​ဖ​က​ညီ​ကို​ကျွန်​တော်​တို့​နှင့်​အ​တူ​သွား ခွင့်​ပြု​မည်​ဆို​လျှင် ကျွန်​တော်​တို့​သွား​၍​အဖ အ​တွက်​ရိက္ခာ​ဝယ်​ယူ​ပါ​မည်။-

5. အ​ဖ​က​ကျွန်​တော်​တို့​နှင့်​အ​တူ​ညီ​ကို​သွား​ခွင့် မ​ပေး​လျှင် သင်​တို့​၏​ညီ​မ​ပါ​ခဲ့​လျှင်​ငါ​၏​ရှေ့ မှောက်​သို့​မ​ဝင်​ရ​ဟု​ဘု​ရင်​ခံ​က​အ​မိန့်​ရှိ​သ​ဖြင့် ကျွန်​တော်​တို့​မ​သွား​ဝံ့​ပါ'' ဟု​ပြော​လေ​၏။

6. ထို​အ​ခါ​ယာ​ကုပ်​က``သင်​တို့​တွင်​ညီ​တစ်​ယောက် ရှိ​သေး​သည်​ဟု ထို​သူ​အား​အ​ဘယ်​ကြောင့်​ပြော ရ​သ​နည်း။ ငါ့​ကို​ဤ​မျှ​စိတ်​ဆင်း​ရဲ​အောင်​အ​ဘယ် ကြောင့်​ပြု​လုပ်​ရ​သ​နည်း'' ဟု​ဆို​၏။

7. သူ​တို့​က``ထို​သူ​သည်​ကျွန်​တော်​တို့​၏​မိ​သား စု​အ​ကြောင်း​ကို စေ့​စေ့​စပ်​စပ်​မေး​မြန်း​ပါ​သည်။ သူ​က`သင်​တို့​၏​အဖ​အ​သက်​ရှင်​လျက်​ရှိ​သေး သ​လော။ သင်​တို့​တွင်​ညီ​ရှိ​သေး​သ​လော' ဟု မေး​ပါ​သည်။ ကျွန်​တော်​တို့​က​သူ​၏​မေး​ခွန်း များ​ကို​ဖြေ​ရ​ပါ​သည်။ သူ​က​ကျွန်​တော်​တို့ ၏​ညီ​ကို​အီ​ဂျစ်​ပြည်​သို့​ခေါ်​ဆောင်​ခဲ့​ရန်​စေ ခိုင်း​လိမ့်​မည်​ဟု​ကျွန်​တော်​တို့​အ​ဘယ်​သို့​သိ နိုင်​မည်​နည်း'' ဟု​ဖြေ​ကြား​ကြ​၏။

8. ယု​ဒ​က​အ​ဖ​အား``သူ​ငယ်​ကို​ကျွန်​တော်​နှင့် အ​တူ​ထည့်​လိုက်​ပါ။ ယ​ခု​ပင်​ခ​ရီး​စ​ထွက် ကြ​ပါ​မည်။ သို့​မှ​သာ​ကျွန်​တော်​တို့​အား​လုံး အ​စာ​မ​ငတ်​ဘဲ​အ​သက်​ချမ်း​သာ​ရာ​ရ ကြ​ပါ​မည်။-

ကမ္ဘာ​ဦး 43