ကမ္ဘာ​ဦး 43:30-32 Common Language Bible (BCL)

30. ယော​သပ်​သည်​ညီ​ကို​မြင်​ရ​သ​ဖြင့်​ကြင်​နာ သော​စိတ်​ရှိ​၍ မျက်​ရည်​မ​ဆည်​နိုင်​သော​ကြောင့် မိ​မိ​၏​အ​ခန်း​တွင်း​သို့​ဝင်​၍​ငို​ကြွေး​လေ​၏။-

31. ထို​နောက်​သူ​သည်​မျက်​နှာ​သစ်​ပြီး​လျှင်​အ​ပြင် သို့​ထွက်​လာ​၍ မိ​မိ​၏​စိတ်​ကို​ထိန်း​လျက်​စား သောက်​ပွဲ​ကို​ပြင်​ရန်​အ​မိန့်​ပေး​လေ​သည်။-

32. ယော​သပ်​အ​ဖို့​စား​ပွဲ​တစ်​ပွဲ၊ သူ​၏​အစ်​ကို​တို့ အ​ဖို့​စား​ပွဲ​တစ်​ပွဲ၊ အီ​ဂျစ်​အ​မျိုး​သား​တို့ အ​ဖို့​စား​ပွဲ​တစ်​ပွဲ​တည်​ခင်း​ကြ​၏။ အီ​ဂျစ် အ​မျိုး​သား​တို့​သည်​ဟေ​ဗြဲ​အ​မျိုး​သား​တို့ နှင့်​အ​တူ​စား​သောက်​လျှင် ဂုဏ်​သိမ်​သည်​ဟု ယူ​ဆ​ကြ​သော​ကြောင့်​ဟေ​ဗြဲ​အ​မျိုး​သား တို့​နှင့်​အ​တူ​တူ​မ​စား​ကြ။-

ကမ္ဘာ​ဦး 43