ကမ္ဘာ​ဦး 43:12-31 Common Language Bible (BCL)

12. သင်​တို့​၏​စ​ပါး​အိတ်​ဝ​များ​၌​ထည့်​ပေး​လိုက် သော​ငွေ​ကို​ပြန်​ပေး​ရ​မည်​ဖြစ်​၍ ငွေ​ကို​နှစ်​ဆ ယူ​သွား​ကြ​လော့။ ပြန်​ထည့်​ပေး​လိုက်​သော​ငွေ မှာ​မှား​ပြီး​ပြန်​ထည့်​ပေး​လိုက်​ဟန်​တူ​သည်။-

13. သင်​တို့​ညီ​ကို​ခေါ်​ဆောင်​လျက်​ထို​သူ​ထံ​သို့ သွား​ကြ​လော့။-

14. ထို​သူ​သည်​ဗင်္ယာ​မိန်​နှင့်​ရှိ​မောင်​တို့​ကို​သင်​တို့ အား​ပြန်​အပ်​စေ​ရန် အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​သည်​ထို​သူ​၏​စိတ်​ကို​ပြု​ပြင်​ပေး​တော် မူ​ပါ​စေ​သော။ အ​ကယ်​၍​ငါ​သည်​သား​တို့ ကို​ဆုံး​ရှုံး​ရ​မည်​ဆို​လျှင်​ဆုံး​ရှုံး​ရ​မည်​သာ ဖြစ်​သည်'' ဟု​ဆို​၏။

15. သို့​ဖြစ်​၍​ညီ​အစ်​ကို​တို့​သည်​လက်​ဆောင်​များ နှင့်​ငွေ​နှစ်​ဆ​ကို​ယူ​၍ အီ​ဂျစ်​ပြည်​သို့​ထွက်​ခွာ သွား​ကြ​လေ​သည်။ သူ​တို့​နှင့်​အ​တူ​ဗင်္ယာ​မိန် လည်း​လိုက်​ပါ​သွား​လေ​၏။ ထို​ပြည်​သို့​ရောက် သော​အ​ခါ​သူ​တို့​သည်​ယော​သပ်​ထံ​သို့​ဝင် ၍​ခ​စား​ကြ​၏။-

16. ယော​သပ်​သည်​သူ​တို့​နှင့်​အ​တူ​ဗင်္ယာ​မိန်​ပါ လာ​သည်​ကို​မြင်​လျှင် သူ​၏​အိမ်​တော်​ဝန်​အား``ဤ သူ​တို့​ကို​ငါ့​အိမ်​သို့​ခေါ်​ဆောင်​သွား​လော့။ သား ကောင်​တစ်​ကောင်​ကို​သတ်​၍​ဟင်း​လျာ​ပြင်​လော့။ ငါ​သည်​သူ​တို့​နှင့်​နေ့​လည်​စာ​ကို​သုံး​ဆောင် မည်'' ဟု​စေ​ခိုင်း​လေ​၏။-

17. အိမ်​တော်​ဝန်​သည်​စေ​ခိုင်း​သည့်​အ​တိုင်း​ထို သူ​တို့​ကို​ယော​သပ်​၏​အိမ်​သို့​ခေါ်​ဆောင်​ခဲ့ လေ​၏။

18. ညီ​အစ်​ကို​တို့​သည်​ယော​သပ်​အိမ်​သို့​လိုက်​ပါ လာ​ကြ​စဉ်``ပ​ထ​မ​အ​ခေါက်​တွင်​ငါ​တို့​၏ စပါး​အိတ်​များ​၌​ငွေ​များ​ပြန်​ထည့်​ပေး​လိုက် သည့်​ကိစ္စ​ကို​အ​ကြောင်း​ပြု​ပြီး​လျှင် သူ​တို့ သည်​ငါ​တို့​အား​ဖမ်း​ဆီး​လျက်​မြည်း​များ​ကို သိမ်း​ယူ​၍​သူ့​ထံ​၌​ကျွန်​ခံ​စေ​လိမ့်​မည်'' ဟု တွေး​တော​ကာ​စိုး​ရိမ်​ကြောက်​ရွံ့​ကြ​၏။-

19. သို့​ဖြစ်​၍​သူ​တို့​သည်​အိမ်​တံ​ခါး​ဝ​သို့ ရောက်​သော​အ​ခါ ယော​သပ်​၏​အိမ်​တော်​ဝန်​အား၊-

20. ``အ​ရှင်၊ ကျွန်​တော်​တို့​သည်​ဤ​ပြည်​သို့​ရိက္ခာ ဝယ်​ရန် ယ​ခင်​က​တစ်​ခေါက်​ရောက်​ခဲ့​ပါ​သည်။-

21. အိမ်​ပြန်​ခရီး​တွင်​စ​ခန်း​ချ​၍​စပါး​အိတ်​များ ကို​ဖွင့်​လိုက်​ရာ တစ်​ယောက်​စီ​၏​အိတ်​ဝ​တွင် မိ​မိ​၏​စပါး​ဖိုး​ငွေ​မ​လျော့​ဘဲ​တွေ့​ရ​ပါ​သည်။ ကျွန်​တော်​တို့​သည်​ထို​ငွေ​ကို​ယ​ခု​ပြန်​၍ ယူ​ခဲ့​ကြ​ပါ​သည်။-

22. ရိက္ခာ​ထပ်​၍​ဝယ်​ရန်​ငွေ​ပို​လည်း​ယူ​ခဲ့​ပါ​သည်။ ကျွန်​တော်​တို့​၏​စပါး​အိတ်​များ​တွင်​မည်​သူ က​ငွေ​ကို​ပြန်​ထည့်​ထား​သည်​ကို​မ​သိ​ရ​ပါ'' ဟု​ပြော​ပြ​လေ​၏။

23. အိမ်​တော်​ဝန်​က``သင်​တို့​မ​စိုး​ရိမ်​ကြ​နှင့်။ မ ကြောက်​ကြ​နှင့်။ သင်​တို့​ဘု​ရား၊ သင်​တို့​အ​ဖ ၏​ဘု​ရား​သည်​စ​ပါး​အိတ်​များ​ထဲ​၌​သင်​တို့ အ​တွက် ထို​ငွေ​ကို​ထည့်​ခြင်း​ဖြစ်​ရ​မည်။ သင် တို့​ထံ​မှ​စပါး​ဖိုး​ငွေ​ကို​ကျွန်ုပ်​လက်​ခံ​ရ​ရှိ ပြီး​ဖြစ်​သည်'' ဟု​ဆို​လေ​၏။ ထို​နောက်​သူ​သည် ရှိ​မောင်​ကို​သူ​တို့​ထံ​သို့​ခေါ်​ထုတ်​ခဲ့​လေ​သည်။

24. အိမ်​တော်​ဝန်​သည်​သူ​တို့​ကို​အိမ်​ထဲ​သို့​ဝင်​စေ ၏။ သူ​တို့​၏​ခြေ​များ​ကို​ဆေး​ကြော​ရန်​ရေ​ကို ပေး​၍​သူ​တို့​၏​မြည်း​များ​ကို​အ​စာ​ကျွေး ၏။-

25. မွန်း​တည့်​အ​ချိန်​၌​ယော​သပ်​သည်​သူ​တို့​နှင့် အ​တူ​စား​သောက်​မည်​ဟု​ကြား​သိ​ရ​သ​ဖြင့် သူ​တို့​သည်​မိ​မိ​တို့​၏​လက်​ဆောင်​များ​ကို အ​သင့်​ပြင်​ထား​ကြ​၏။-

26. ယော​သပ်​အိမ်​သို့​ပြန်​လာ​သော​အ​ခါ​သူ​တို့ သည် မိ​မိ​တို့​နှင့်​ပါ​လာ​သော​လက်​ဆောင်​များ ကို​အိမ်​ထဲ​သို့​ယူ​ဆောင်​လာ​ပြီး​လျှင် ယော​သပ် အား​ဆက်​သ​၍​သူ​၏​ရှေ့​တွင်​ပျပ်​ဝပ်​ကြ လေ​သည်။-

27. ယော​သပ်​သည်​သူ​တို့​အား​နှုတ်​ခွန်း​ဆက်​ပြီး နောက်``သင်​တို့​ပြော​သော​သင်​တို့​၏​ဖခင်​အို သည်​ကျန်း​မာ​ပါ​၏​လော။ သူ​အသက်​ရှင်​လျက် ရှိ​ပါ​သေး​သ​လော'' ဟု​မေး​မြန်း​လေ​၏။

28. သူ​တို့​က``အရှင့်​ကျွန်၊ ကျွန်​တော်​တို့​၏​အ​ဖ​သည် ကျန်း​မာ​၍​အ​သက်​ရှင်​လျက်​ရှိ​ပါ​၏'' ဟု​ဖြေ ကြ​၏။ ထို​နောက်​သူ​တို့​သည်​ယော​သပ်​အား ဦး​ညွှတ်​ရှိ​ခိုး​ကြ​၏။

29. ယော​သပ်​သည်​မိ​မိ​အ​မိ​၏​သား​မိ​မိ​၏​ညီ ဗင်္ယာ​မိန်​ကို​မြင်​သော​အ​ခါ``ဤ​သူ​ငယ်​သည် သင်​တို့​၏​ညီ​အ​ငယ်​ဆုံး​ဆို​သူ​ဖြစ်​ပါ​သ လော။ လူ​က​လေး​သင့်​အား​ဘု​ရား​ကောင်း​ချီး ပေး​ပါ​စေ​သော'' ဟု​ဆို​လေ​၏။-

30. ယော​သပ်​သည်​ညီ​ကို​မြင်​ရ​သ​ဖြင့်​ကြင်​နာ သော​စိတ်​ရှိ​၍ မျက်​ရည်​မ​ဆည်​နိုင်​သော​ကြောင့် မိ​မိ​၏​အ​ခန်း​တွင်း​သို့​ဝင်​၍​ငို​ကြွေး​လေ​၏။-

31. ထို​နောက်​သူ​သည်​မျက်​နှာ​သစ်​ပြီး​လျှင်​အ​ပြင် သို့​ထွက်​လာ​၍ မိ​မိ​၏​စိတ်​ကို​ထိန်း​လျက်​စား သောက်​ပွဲ​ကို​ပြင်​ရန်​အ​မိန့်​ပေး​လေ​သည်။-

ကမ္ဘာ​ဦး 43