1. ကာလအတန်ကြာပြီးနောက်အီဂျစ်ပြည့်ရှင် ၏ဖလားတော်ဝန်နှင့်စားတော်ဆက်ဝန်တို့ သည်ဘုရင့်အမျက်သင့်ကြ၏။-
2. ဘုရင်သည်ထိုအရာရှိနှစ်ဦးတို့ကိုအမျက် ထွက်၍၊-
3. ယောသပ်အကျဉ်းခံရာကိုယ်ရံတော်မှူးအိမ် ၌အကျဉ်းချထားလေ၏။-
4. သူတို့သည်ကာလအတန်ကြာမျှအကျဉ်း ခံနေကြ၏။ ကိုယ်ရံတော်မှူးသည်ထိုသူတို့ အားပြုစုရန်ယောသပ်ကိုတာဝန်ပေးထား လေ၏။
5. တစ်ည၌ထောင်ထဲတွင်ဖလားတော်ဆက်ဝန် နှင့်စားတော်ဆက်ဝန်တို့သည် သီးခြားအနက် ပါရှိသောအိပ်မက်များကိုမြင်မက်ကြလေ သည်။-
6. နံနက်ချိန်၌ယောသပ်သည်သူတို့ထံသွား သောအခါ မျက်နှာညှိုးငယ်လျက်ရှိကြ သည်ကိုတွေ့မြင်ရသဖြင့်၊-
7. ယောသပ်က``သင်တို့သည်ယနေ့အဘယ်ကြောင့် မျက်နှာညှိုးငယ်နေကြပါသနည်း'' ဟုသူတို့ အားမေးလေ၏။