15. ထာဝရဘုရားက``သင်၌ထိုသို့မဖြစ်စေရ။ သင့်အားသတ်သောသူမည်သည်ကား ခုနစ်ဆ သောအပြစ်ဒဏ်ကိုခံရမည်'' ဟုမိန့်တော်မူ ၏။ သို့ဖြစ်၍ထာဝရဘုရားသည် ကာဣန ကိုတွေ့ရှိသူသည်သူ့ကိုမသတ်ရန် သတိ ပေးသည့်အမှတ်လက္ခဏာဖြင့်သူ့အပေါ် တွင်မှတ်သားပေးတော်မူ၏။-
16. ကာဣနသည်လည်းထာဝရဘုရားထံတော် မှထွက်သွား၍ ဧဒင်အရှေ့ဘက်ရှိ``လှည့်လည် ရာ'' ဟုတွင်သောအရပ်၌နေထိုင်လေ၏။
17. ကာဣနသည်သူ၏မယားနှင့်ဆက်ဆံသဖြင့် မယား၌ပဋိသန္ဓေစွဲ၍ဧနောက်နာမည်ရှိသား ကိုဖွားမြင်လေ၏။ သူသည်မြို့ကိုတည်၍သား ၏နာမည်ကိုအစွဲပြုလျက် ထိုမြို့ကိုဧနောက် မြို့ဟုမှည့်ခေါ်၏။-
18. ဧနောက်သည်ဣရဒ်ဟုအမည်တွင်သောသားကို ရ၏။ ဣရဒ်၏သားကားမဟုယေလ၊ မဟု ယေလ၏သားကားမသုရှလ၊ မသုရှလ ၏သားကားလာမက်ဖြစ်၏။-
19. လာမက်သည်အာဒနှင့်ဇိလနာမည်ရှိ မယားနှစ်ယောက်နှင့်စုံဖက်၏။-
20. အာဒသည်ယာဗလဟုအမည်တွင်သောသားကို ဖွားမြင်၏။ ယာဗလသည်ကားသိုးနွားတို့ကို ထိန်းကျောင်း၍ တဲရှင်၌နေထိုင်သူတို့၏ဖခင် ဖြစ်သတည်း။-
21. သူ့ညီနာမည်မှာယုဗလဖြစ်၍ စောင်းနှဲတို့ကို တီးမှုတ်သောဂီတသမားအပေါင်းတို့၏ဖခင် ဖြစ်သတည်း။-
22. ဇိလသည်တုဗလကာဣနနာမည်ရှိသားကို ဖွားမြင်၏။ ထိုသူသည်ပန်းတဉ်းသမား၊ ပန်းပဲ သမားတို့၏ဖခင်ဖြစ်သတည်း။ တုဗလ ကာဣန၏နှမကားနေမဖြစ်၏။