ကမ္ဘာ​ဦး 4:13-16 Common Language Bible (BCL)

13. ထို​အ​ခါ​ကာ​ဣ​န​က``ကိုယ်​တော်​ပေး​သော အ​ပြစ်​ဒဏ်​သည် ပြင်း​ထန်​လွန်း​လှ​ပါ​၏။-

14. ကိုယ်​တော်​သည်​အ​ကျွန်ုပ်​ကို​ဤ​မြေ​မှ​နှင်​ထုတ် တော်​မူ​ပါ​ပြီ။ ကိုယ်​တော်​၏​မျက်​မှောက်​တော်​မှ လည်း​နှင်​ထုတ်​တော်​မူ​ပါ​ပြီ။ အိုး​အိမ်​မဲ့​လျက် မြေ​ကြီး​ပေါ်​တွင် လှည့်​လည်​နေ​ရ​ပါ​မည်။ တွေ့ သ​မျှ​သော​သူ​တို့​သည် အ​ကျွန်ုပ်​အား​သတ် ကြ​ပါ​လိမ့်​မည်'' ဟု​ပြန်​၍​လျှောက်​၏။

15. ထာ​ဝ​ရ​ဘု​ရား​က``သင်​၌​ထို​သို့​မ​ဖြစ်​စေ​ရ။ သင့်​အား​သတ်​သော​သူ​မည်​သည်​ကား ခု​နစ်​ဆ သော​အ​ပြစ်​ဒဏ်​ကို​ခံ​ရ​မည်'' ဟု​မိန့်​တော်​မူ ၏။ သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည် ကာ​ဣ​န ကို​တွေ့​ရှိ​သူ​သည်​သူ့​ကို​မ​သတ်​ရန် သ​တိ ပေး​သည့်​အ​မှတ်​လက္ခ​ဏာ​ဖြင့်​သူ့​အ​ပေါ် တွင်​မှတ်​သား​ပေး​တော်​မူ​၏။-

16. ကာ​ဣ​န​သည်​လည်း​ထာ​ဝ​ရ​ဘု​ရား​ထံ​တော် မှ​ထွက်​သွား​၍ ဧ​ဒင်​အ​ရှေ့​ဘက်​ရှိ``လှည့်​လည် ရာ'' ဟု​တွင်​သော​အ​ရပ်​၌​နေ​ထိုင်​လေ​၏။

ကမ္ဘာ​ဦး 4