ကမ္ဘာ​ဦး 31:7-11 Common Language Bible (BCL)

7. သို့​သော်​လည်း​သူ​သည်​ငါ့​ကို​လှည့်​စား​၍​ငါ ရ​ထိုက်​သော​အ​ခ​ကို​ဆယ်​ကြိမ်​မျှ​ပြောင်း​လဲ ခဲ့​လေ​ပြီ။ သို့​ရာ​တွင်​ငါ့​ကို​နစ်​နာ​ဆုံး​ရှုံး​စေ ရန်​ဘု​ရား​သ​ခင်​သည်​သူ့​ကို​အ​ခွင့်​ပေး​တော် မ​မူ။-

8. သင်​တို့​၏​ဖ​ခင်​က​အ​ပြောက်​ပါ​ရှိ​သော​ဆိတ် တို့​သည်​သင်​၏​အ​ခ​ဖြစ်​သည်​ဟု​ဆို​လျှင် ဆိတ် ရှိ​သ​မျှ​တို့​သည်​အ​ပြောက်​ပါ​ရှိ​သော​သား ကောင်​များ​ကို​မွေး​ကြ​၏။ သူ​က`အ​စင်း​ပါ​သော ဆိတ်​တို့​သည်​သင်​၏​အ​ခ​ဖြစ်​သည်' ဟု​ဆို​လျှင် ဆိတ်​ရှိ​သ​မျှ​တို့​သည်​အ​စင်း​ပါ​ရှိ​သော​သား ကောင်​များ​ကို​မွေး​ကြ​၏။-

9. ထို​သို့​အား​ဖြင့်​ဘု​ရား​သ​ခင်​သည်​သင်​၏ ဖ​ခင်​ထံ​မှ​ဆိတ်​အုပ်​တို့​ကို​ယူ​၍​ငါ့​အား ပေး​တော်​မူ​ပြီ။

10. ``တိ​ရစ္ဆာန်​များ​မိတ်​လိုက်​ချိန်​၌​ငါ​သည်​အိပ်​မက် မြင်​မက်​ရာ​အိပ်​မက်​ထဲ​တွင်​မိတ်​လိုက်​နေ​သော တိ​ရစ္ဆာန်​အ​ထီး​တို့​သည် အ​ကွက်၊ အ​ပြောက်၊ အ​ကျား​များ​ပါ​ရှိ​သည်​ကို​ငါ​မြင်​ရ​၏။-

11. အိပ်​မက်​ထဲ​တွင်​ဘု​ရား​သ​ခင်​၏​ကောင်း​ကင် တ​မန်​က`ယာ​ကုပ်' ဟု​ခေါ်​လျှင်​ငါ​က`ရှိ​ပါ သည်​အ​ရှင်' ဟု​ထူး​သော်၊-

ကမ္ဘာ​ဦး 31