ကမ္ဘာ​ဦး 29:10-14 Common Language Bible (BCL)

10. ယာ​ကုပ်​သည်​သူ​၏​ဦး​ရီး​လာ​ဗန်​သိုး​အုပ် နှင့်​အ​တူ​ရာ​ခေ​လ​ရောက်​ရှိ​လာ​သော​အ​ခါ ရေ​တွင်း​သို့​သွား​၍​ကျောက်​တုံး​ကို​ရွှေ့​ဖယ်​ပြီး လျှင်​လာ​ဗန်​၏​သိုး​တို့​ကို​ရေ​တိုက်​လေ​၏။-

11. ထို​နောက်​သူ​သည်​ရာ​ခေ​လ​ကို​နမ်း​၍ ဝမ်း သာ​သော​ကြောင့်​ငို​ကြွေး​လေ​၏။-

12. သူ​က``ငါ​သည်​ရေ​ဗက္က​၏​သား၊ သင့်​ဖ​ခင်​၏ ဆွေ​မျိုး​ရင်း​ချာ​ဖြစ်​သည်'' ဟု​ရာ​ခေ​လ​အား ပြော​လေ​၏။ရာ​ခေ​လ​သည်​ပြေး​၍​ဖခင်​အား​ထို​အ​ကြောင်း ကို​ပြော​ပြ​လေ​၏။-

13. လာ​ဗန်​သည်​သူ​၏​တူ​ယာ​ကုပ်​၏​သ​တင်း​ကို ကြား​ရ​လျှင်​ပြေး​၍ သူ့​အား​ဆီး​ကြို​ဖက်​ယမ်း နမ်း​ရှုပ်​ပြီး​လျှင်​နေ​အိမ်​သို့​ခေါ်​ဆောင်​ခဲ့​လေ သည်။ ယာ​ကုပ်​က​ဖြစ်​ခဲ့​သ​မျှ​အ​ကြောင်း​ကို အ​ကုန်​အ​စင်​ပြော​ပြ​သော​အ​ခါ၊-

14. လာ​ဗန်​က``သင်​သည်​ငါ​၏​သွေး​ရင်း​သား​ရင်း ပင်​ဖြစ်​ပါ​သည်​တ​ကား'' ဟု​ဆို​လေ​၏။ ယာ​ကုပ် သည်​လည်း​ဦး​ရီး​အိမ်​တွင်​တစ်​လ​ကြာ​မျှ​နေ ထိုင်​လေ​သည်။

ကမ္ဘာ​ဦး 29