9. အဘိမလက်သည်ဣဇာက်ကိုခေါ်၍``သူသည် စင်စစ်သင်၏မယားဖြစ်၏။ အဘယ်ကြောင့် သင်၏နှမဟုပြောရသနည်း'' ဟုမေး၏။ဣဇာက်က``သူသည်ကျွန်ုပ်၏မယားဖြစ်သည် ဟုပြောလျှင်အသတ်ခံရမည်ကိုစိုးရိမ်မိ ပါသည်'' ဟုလျှောက်လေ၏။
10. အဘိမလက်က``သင်သည်ငါတို့အားအဘယ် သို့ပြုမူသနည်း။ ငါ၏လူတစ်ယောက်ယောက်က သင်၏မယားနှင့်အကြောင်းမသိဘဲပြစ်မှား မိလျှင် သင့်ကြောင့်ငါတို့အပြစ်ကူးလွန်ရာ ရောက်ပေမည်'' ဟုဆိုလေသည်။-
11. ထိုနောက်အဘိမလက်က``ဤသူကိုသော်လည်း ကောင်း၊ သူ၏မယားကိုသော်လည်းကောင်းမ တရားသဖြင့်ပြုသောသူအားသေဒဏ်သင့် စေမည်'' ဟုပြည်သားတို့အားသတိပေးလေ၏။
12. ဣဇာက်သည်ထိုပြည်တွင်နေထိုင်စဉ် ကောက်ပဲ သီးနှံစိုက်ပျိုးလုပ်ကိုင်ရာ ထာဝရဘုရား သည်သူ့အားကောင်းချီးပေးသဖြင့် ထိုနှစ် တွင်အဆတစ်ရာမျှသောအသီးအနှံကို ရိတ်သိမ်းရသည်။-
13. သူသည်စီးပွားတိုးတက်လာပြီးလျှင် အလွန်ကြွယ်ဝချမ်းသာလာလေသည်။-