30. ဣဇာက်သည်စားသောက်ပွဲကိုပြင်ဆင်၍ သူ တို့အားလုံးအတူတကွစားသောက်ကြ လေသည်။-
31. နောက်တစ်နေ့နံနက်စောစောတွင် သူတို့အချင်း ချင်းတစ်ဦးနှင့်တစ်ဦးကတိသစ္စာပြုကြ၏။ ထို့ နောက်သူတို့အချင်းချင်းနှုတ်ဆက်ပြီးလျှင် မိတ်ဆွေဖြစ်လျက်ခွဲခွာကြလေသည်။
32. ဣဇာက်၏အစေခံတို့ကသူတို့တူးသောရေ တွင်းရေထွက်ကြောင်းဣဇက်အားပြောပြကြ၏။-
33. ဣဇာက်ကထိုရေတွင်းကိုရှေဘဟုမှည့်ခေါ်သော ကြောင့်ထိုမြို့ကိုဗေရရှေဘမြို့ဟုခေါ်တွင်လေ သည်။
34. ဧသောသည်အသက်လေးဆယ်ရှိသောအခါ ဟိတ္တိအမျိုးသားဗေရိ၏သမီးယုဒိတ်၊ ဟိတ္တိ အမျိုးသားဧလုန်၏သမီးဗာရှမတ်တို့ နှစ်ဦးနှင့်အိမ်ထောင်ပြုလေသည်။-
35. ဣဇာက်နှင့်ရေဗက္ကတို့သည်ထိုအမျိုးသမီး များအတွက်ကြောင့်စိတ်မချမ်းမသာဖြစ် ရလေ၏။