24. ထိုညမှာထာဝရဘုရားသည်သူ့အားကိုယ် ထင်ပြ၍``ငါသည်သင်၏အဖအာဗြဟံ၏ ဘုရားဖြစ်၏။ မစိုးရိမ်နှင့်။ ငါသည်သင်တို့နှင့် အတူရှိ၏။ ငါ၏ကျွန်အာဗြဟံအားထား သောကတိတော်ကိုထောက်၍သင့်ကိုကောင်းချီး ပေးမည်။ သင်၏အဆက်အနွယ်တို့ကိုလည်းများ ပြားစေမည်'' ဟုမိန့်တော်မူသည်။-
25. ဣဇာက်သည်ထိုအရပ်၌ယဇ်ပလ္လင်တည်ပြီး လျှင် ထာဝရဘုရားကိုတိုင်တည်၍ပတ္ထနာ ပြုလေ၏။ သူသည်ထိုအရပ်၌စခန်းချ၍ အစေခံတို့ကရေတွင်းတစ်တွင်းတူးကြ ပြန်သည်။
26. အဘိမလက်ဘုရင်သည်အတိုင်ပင်ခံအဟု ဇတ်နှင့်ဗိုလ်ချုပ်ဖိကောလတို့လိုက်ပါလျက် ဂေရာမြို့မှဣဇာက်ထံသို့ရောက်ရှိလာကြ ၏။-
27. ဣဇာက်က``သင်တို့သည်ယခင်ကအကျွန်ုပ် အားမုန်း၍ သင်တို့၏ပြည်မှနှင်ထုတ်ကြပြီး မှ အဘယ်ကြောင့်ယခုအကျွန်ုပ်ထံသို့လာ ကြသနည်း'' ဟုမေးလေ၏။
28. သူတို့က``ထာဝရဘုရားသည်သင်နှင့်အတူ ရှိကြောင်း ယခုငါတို့သိရပြီဖြစ်၍ ငါတို့ အချင်းချင်းကတိသစ္စာထားကြပါစို့။-