39. ထိုအခါကျွန်ုပ်က`အကယ်၍အမျိုးသမီးက ကျွန်ုပ်နှင့်မလိုက်လိုဟုဆိုသော်မည်သို့ပြုလုပ် ရပါမည်နည်း' ဟုသခင်အားမေးသော်၊-
40. သခင်က`ငါအမြဲရိုသေနာခံသောထာဝရ ဘုရားသည် မိမိ၏ကောင်းကင်တမန်ကိုသင်နှင့် အတူစေလွှတ်၍သင့်အားအောင်မြင်မှုကိုပေး တော်မူမည်။ သင်သည်ငါ၏အမျိုးသားချင်း ဖြစ်သောငါ့အဖမိသားစုထဲမှ ငါ့သား အတွက်မယားကိုရှာယူခဲ့ရမည်။-
41. သင်ထားသောကတိသစ္စာပျက်ပြယ်စေမည့်နည်း တစ်နည်းသာလျှင်ရှိသည်။ သင်သည်ငါ၏ဆွေ မျိုးသားချင်းတို့ထံသို့သွား၍သူတို့က ငြင်းဆိုလျှင် သင်ထားသောကတိသစ္စာပျက် ပြယ်စေ' ဟုဖြေကြားပါ၏။
42. ``ကျွန်ုပ်သည်ရေတွင်းသို့ယနေ့ရောက်ရှိသော အခါ`အကျွန်ုပ်၏သခင်အာဗြဟံ၏ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်ပြုလုပ်ရ မည့်အမှုကိစ္စကိုအောင်မြင်စေတော်မူပါ။-
43. ယခုရေတွင်းသို့ရောက်ရှိပါပြီ။ မိန်းမပျိုတစ် ဦးရေခပ်လာသောအခါသူ့အား`ရေတစ်ပေါက် လောက်သောက်ပါရစေ' ဟုတောင်းပါမည်။-
44. အကယ်၍သူက`သောက်ပါ။ သင်၏ကုလားအုတ် များအတွက်ရေကိုခပ်ပေးပါဦးမည်' ဟုဆို လျှင်ထိုမိန်းမပျိုသည်အကျွန်ုပ်သခင်၏သား အတွက်ကိုယ်တော်ရှင်ရွေးချယ်သောမယား ဖြစ်ပါစေသော' ဟုဆုတောင်းပါသည်။-