ကမ္ဘာ​ဦး 24:1-11 Common Language Bible (BCL)

1. ထို​အ​ချိန်​၌​အာ​ဗြ​ဟံ​သည်​အ​သက်​အ​ရွယ် အ​လွန်​ကြီး​ရင့်​လာ​ပြီ​ဖြစ်​၏။ ထာ​ဝ​ရ​ဘု​ရား သည်​အ​ရာ​ရာ​၌​သူ့​အား​ကောင်း​ချီး​ပေး​တော် မူ​ခဲ့​၏။-

2. သူ​သည်​သူ​၏​ပစ္စည်း​ဥစ္စာ​အား​လုံး​တို့​ကို​အုပ် ထိန်း​ရ​သော အ​သက်​အ​ကြီး​ဆုံး​အ​စေ​ခံ​ကို ခေါ်​လျက်``သင်​၏​လက်​ကို​ငါ့​ပေါင်​အောက်​မှာ ထား​၍​သစ္စာ​ဆို​လော့။-

3. သင်​သည်​ငါ့​သား​အ​တွက်​မ​ယား​ကို​ခါ​နာန် လူ​မျိုး​တို့​တွင်​မ​ရှာ​ပါ​ဟု ကောင်း​ကင်​နှင့်​မြေ ကြီး​အ​ရှင်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏ နာ​မ​တော်​ကို​တိုင်​တည်​၍​သစ္စာ​ဆို​လော့။-

4. သင်​သည်​ငါ​မွေး​ရာ​ဇာ​တိ​ပြည်​သို့​ပြန်​သွား​၍ ငါ​၏​အ​မျိုး​သား​ချင်း​တို့​ထဲ​မှ​ငါ​၏​သား ဣဇာက်​အ​တွက်​မ​ယား​ရှာ​ခဲ့​ရ​မည်'' ဟု​ဆို လေ​၏။

5. ထို​အ​ခါ​အ​စေ​ခံ​က``အ​မျိုး​သ​မီး​သည်​သူ​၏ အိမ်​ရာ​ကို​စွန့်​၍​ဤ​ပြည်​သို့ ကျွန်​တော်​နှင့်​အ​တူ မ​လိုက်​လို​ဟု​ဆို​လျှင်​မည်​သို့​ပြု​လုပ်​ရ​ပါ​မည် နည်း။ ကိုယ်​တော်​၏​သား​ကို​ကိုယ်​တော်​၏​ဇာ​တိ ပြည်​သို့​ကျွန်​တော်​ခေါ်​ဆောင်​သွား​ရ​ပါ​မည် လော'' ဟု​မေး​လေ​၏။

6. အာ​ဗြ​ဟံ​က​လည်း``ထို​ပြည်​သို့​ငါ့​သား​ကို သင်​ခေါ်​၍​မ​သွား​ရ။-

7. ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည်​ငါ​၏​ဖ​ခင်​နှင့်​ဆွေ​မျိုး​များ​နေ​ထိုင်​ရာ​ပြည် မှ ငါ့​ကို​ခေါ်​ဆောင်​ခဲ့​၍​ငါ​၏​အ​မျိုး​အ​နွယ်​တို့ အား ဤ​ပြည်​ကို​ပေး​မည်​ဟု​ငါ့​အား​ကတိ​သစ္စာ ပြု​ထား​တော်​မူ​၏။ သင်​သည်​ငါ့​သား​အ​တွက် မ​ယား​ရှာ​၍​ရ​စေ​ခြင်း​ငှာ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​၏​ကောင်း​ကင်​တ​မန်​ကို​သင့်​အ​လျင်​ထို ပြည်​သို့​စေ​လွှတ်​တော်​မူ​မည်။-

8. အ​ကယ်​၍​အ​မျိုး​သ​မီး​က​သင်​နှင့်​အ​တူ​မ​လိုက် လို​ပါ​က​သင်​ထား​သော​ကတိ​သစ္စာ​သည်​ပျက်​ပြယ် စေ။ သို့​ရာ​တွင်​မည်​သည့်​အ​ကြောင်း​ကြောင့်​မ​ဆို ငါ့​သား​ကို​ထို​ပြည်​သို့​ခေါ်​ဆောင်​၍​မ​သွား​ရ'' ဟု​ဆို​၏။-

9. ထို့​ကြောင့်​အာ​ဗြ​ဟံ​၏​အ​စေ​ခံ​သည်​မိ​မိ သ​ခင်​၏​ပေါင်​အောက်​တွင် လက်​ကို​ထား​၍ ခိုင်း​စေ​သ​မျှ​အ​တိုင်း​ပြု​လုပ်​ပါ​မည်​ဟု က​တိ​သစ္စာ​ဆို​လေ​၏။

10. အာ​ဗြ​ဟံ​၏​ပစ္စည်း​ဥစ္စာ​ကို​အုပ်​ထိန်း​ရ​သော ထို​အ​စေ​ခံ​သည် မိ​မိ​သ​ခင်​၏​ကု​လား​အုတ် များ​ထဲ​မှ​ကု​လား​အုတ်​ဆယ်​စီး​ကို​ယူ​၍ မက်​ဆို​ပို​တေး​မီး​ယား​ပြည်​မြောက်​ပိုင်း​ရှိ နာ​ခေါ်​နေ​ထိုင်​ရာ​မြို့​သို့​ခရီး​ထွက်​ခဲ့​လေ​သည်။-

11. ထို​အ​ရပ်​သို့​ရောက်​သော်​သူ​သည်​မြို့​ပြင်​ရှိ ရေ​တွင်း​အ​နီး​တွင် ကု​လား​အုတ်​များ​ကို​ဝပ် ချ​စေ​၏။ ထို​အ​ချိန်​သည်​ကား​မြို့​တွင်း​မှ​အမျိုး သမီး​များ​ထွက်​၍​ရေ​ခပ်​ရန်​လာ​သော​ည​နေ ချမ်း​အ​ချိန်​ဖြစ်​သ​တည်း။-

ကမ္ဘာ​ဦး 24