ကမ္ဘာ​ဦး 20:5-15 Common Language Bible (BCL)

5. အာ​ဗြ​ဟံ​ကိုယ်​တိုင်​က​သူ​၏​နှ​မ​ဖြစ်​သည်​ဟု ဆို​ပါ​၏။ သူ​က​လည်း​အာ​ဗြ​ဟံ​သည်​သူ​၏​အစ်​ကို ဖြစ်​သည်​ဟု​ဆို​ပါ​သည်။ အ​ကျွန်ုပ်​သည်​စိတ်​သ​ဘော ရိုး​သား​စွာ​ဖြင့် ဤ​အ​မှု​ကို​ကြံ​စည်​မိ​ပါ​သည်။ သို့​ရာ​တွင်​အ​ပြစ်​ကူး​လွန်​ခြင်း​မ​ရှိ​ပါ'' ဟု လျှောက်​ဆို​၏။

6. အိပ်​မက်​ထဲ​၌​ပင်​ဘု​ရား​သ​ခင်​က``သင်​သည် စိတ်​သ​ဘော​ရိုး​သား​စွာ​ဖြင့် ဤ​အ​မှု​ကို​ကြံ စည်​မိ​ခြင်း​ဖြစ်​ကြောင်း​ငါ​သိ​၏။ သို့​ဖြစ်​၍​သင် သည်​ငါ့​ကို​မ​ပြစ်​မှား​မိ​စေ​ခြင်း​ငှာ ထို​မိန်း​မ ကို​လက်​ရောက်​မ​ကူး​လွန်​ရန်​ငါ​တား​ဆီး​ခဲ့​ပြီ။-

7. ယ​ခု​ပင်​ထို​မိန်း​မ​ကို​သူ​၏​ယောကျာ်း​ထံ​သို့ ပြန်​အပ်​လော့။ ထို​သူ​သည်​ပ​ရော​ဖက်​ဖြစ်​၍​သင့် အ​သက်​ချမ်း​သာ​ရာ​ရ​စေ​ရန် သူ​သည်​သင့်​အ တွက်​ဆု​တောင်း​ပေး​လိမ့်​မည်။ ထို​မိန်း​မ​ကို​ပြန် ၍​မ​အပ်​လျှင်​မူ​ကား သင်​နှင့်​တ​ကွ​သင်​၏​လူ မျိုး​အား​လုံး​တို့​သည်​မု​ချ​သေ​ရ​ကြ​မည်'' ဟု​ဘု​ရင်​အား​မိန့်​တော်​မူ​၏။

8. နောက်​တစ်​နေ့​နံ​နက်​စော​စော​၌​အ​ဘိ​မ​လက် သည် သူ​၏​အ​ရာ​ရှိ​အ​ပေါင်း​တို့​ကို​ဆင့်​ခေါ်​၍ အ​ဖြစ်​အ​ပျက်​အ​လုံး​စုံ​ကို​ပြော​ပြ​သည့် အ​ခါ သူ​တို့​သည်​အ​လွန်​ကြောက်​ရွံ့​ကြ​၏။-

9. ထို​နောက်​အ​ဘိ​မ​လက်​သည်​အာ​ဗြ​ဟံ​ကို​ခေါ် ၍``သင်​သည် ငါ​တို့​အား​အ​ဘယ်​သို့​ပြု​ဘိ​သ​နည်း။ သင့်​ကို​ငါ​ဘယ်​ကဲ့​သို့​ပြစ်​မှား​မိ​ခဲ့​သ​ဖြင့် သင် သည်​ငါ​နှင့်​တ​ကွ​ငါ​၏​နိုင်​ငံ​ကို​ဘေး​ဒုက္ခ​ဆိုက် ရောက်​စေ​ပါ​သ​နည်း။ သင်​သည် ငါ့​အား​မ​ပြု​အပ် သည့်​အ​မှု​ကို​ပြုပါ​သည်​တ​ကား။-

10. အ​ဘယ်​ကြောင့်​သင်​ဤ​သို့​ပြု​ပါ​သ​နည်း'' ဟု မေး​လေ​သည်။

11. အာ​ဗြ​ဟံ​က``ဤ​အ​ရပ်​သား​တို့​သည်​ဘု​ရား သခင်​ကို​ကြောက်​ရွံ့​ခြင်း​မ​ရှိ​ကြ​သ​ဖြင့် ကျွန်ုပ် ၏​မယား​ကို​သိမ်း​ယူ​ရန်​ကျွန်ုပ်​ကို​သတ်​ကြ​လိမ့် မည်​ဟု​ထင်​သော​ကြောင့်​ဤ​သို့​ပြု​မိ​ပါ​သည်။-

12. စင်​စစ်​အား​ဖြင့်​သူ​သည်​ကျွန်ုပ်​၏​နှ​မ​ဖြစ်​ပါ​၏။ သူ​သည်​ကျွန်ုပ်​နှင့်​ဖ​အေ​တူ၊ မ​အေ​ကွဲ​နှ​မ​ဖြစ် သည့်​အ​ပြင်​ကျွန်ုပ်​၏​မ​ယား​လည်း​ဖြစ်​ပါ​သည်။-

13. သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​ကျွန်ုပ်​အား​ဖ​ခင် ၏​အိမ်​မှ​နိုင်​ငံ​ရပ်​ခြား​သို့​ထွက်​ခွာ​သွား​စေ​သည့် အ​ခါ ကျွန်ုပ်​က​စာ​ရာ​အား​ငါ့​ကို​သစ္စာ​စောင့်​သည့် အ​နေ​ဖြင့် သင်​ရောက်​လေ​ရာ​ရာ​တွင်​ငါ​သည်​သင် ၏​အစ်​ကို​ဖြစ်​ကြောင်း​ပြော​ရန်​မှာ​ကြား​ခဲ့​ပါ​သည်'' ဟု​ဖြေ​ကြား​လေ​သည်။

14. ထို​နောက်​အ​ဘိ​မ​လက်​သည် စာ​ရာ​ကို​အာ​ဗြ​ဟံ ထံ​ပြန်​အပ်​လေ​၏။ အာ​ဗြ​ဟံ​အား​သိုး​နွား​နှင့် ကျေး​ကျွန်​များ​ကို​လည်း​ပေး​သ​နား​လေ​သည်။-

15. အ​ဘိ​မ​လက်​က``ငါ​၏​တိုင်း​ပြည်​တစ်​ဝန်း လုံး​တွင် သင်​ကြိုက်​ရာ​အ​ရပ်​၌​နေ​လော့'' ဟု အာ​ဗြ​ဟံ​အား​မိန့်​ကြား​၏။-

ကမ္ဘာ​ဦး 20