ကမ္ဘာ​ဦး 19:3-8 Common Language Bible (BCL)

3. ဧည့်​သည်​နှစ်​ဦး​တို့​သည်​လော​တ​အ​ဖန်​တ​လဲ​လဲ​ခေါ်​ဖိတ်​ခြင်း​ကြောင့် သူ​၏​အိမ်​သို့​လိုက်​လာ​ကြ​၏။ လော​တ​သည်​သူ​၏​အ​စေ​ခံ​တို့​အား​မုန့်​ဖုတ်​စေ​၍ စား​ဖွယ်​ကောင်း​များ​ကို​ပြင်​ဆင်​စေ​၏။ ထို့​နောက်​ဧည့်​သည်​တို့​သည်​သုံး​ဆောင်​ကြ​၏။

4. ဧည့်​သည်​များ​အိပ်​ရာ​မ​ဝင်​မီ​ယောကျာ်း​အ​ကြီး​အ​ငယ်​အ​ပါ​အ​ဝင် သော​ဒုံ​မြို့​သား​အ​ပေါင်း​တို့​သည်​လော​တ​၏​အိမ်​ကို​ဝိုင်း​ထား​ကြ​၏။-

5. သူ​တို့​သည်​လော​တ​ကို​ဟစ်​ခေါ်​လျက်``သင့်​ထံ​၌​ဤ​ည​တည်း​ခို​ရန်​ရောက်​ရှိ​လာ​သူ​များ​အ​ဘယ်​မှာ​နည်း။ သူ​တို့​ကို​ထုတ်​ပေး​ပါ'' ဟု​တောင်း​ဆို​ကြ​လေ​သည်။ သော​ဒုံ​မြို့​သား​တို့​က ထို​ဧည့်​သည်​တို့​နှင့်​ကာ​မ​စပ်​ယှက်​လို​ကြ​၏။

6. လော​တ​က​အိမ်​အ​ပြင်​သို့​ထွက်​၍ တံ​ခါး​ကို​ပိတ်​လျက်၊-

7. အ​ဆွေ​တို့၊ ဤ​ကဲ့​သို့​ယုတ်​မာ​သော​အ​မှု​ကို​မ​ပြု​ရန် တောင်း​ပန်​ပါ​၏။-

8. ကျွန်ုပ်​၌​အ​ပျို​စင်​သ​မီး​နှစ်​ယောက်​ရှိ​ပါ​၏။ ထို​သ​မီး​တို့​ကို​သင်​တို့​ပြု​လို​သ​မျှ​အ​တိုင်း​ပြု​နိုင်​ရန် ထုတ်​ပေး​ပါ​မည်။ ဤ​သူ​တို့​ကို​ကား​ချမ်း​သာ​ပေး​ကြ​ပါ။ သူ​တို့​သည်​အ​ကျွန်ုပ်​၏​ဧည့်​သည်​ဖြစ်​၍ သူ​တို့​အား​စောင့်​ရှောက်​ရန်​အ​ကျွန်ုပ်​မှာ​တာ​ဝန်​ရှိ​ပါ​သည်'' ဟု​တောင်း​ပန်​လေ​၏။

ကမ္ဘာ​ဦး 19