ကမ္ဘာ​ဦး 17:21-25 Common Language Bible (BCL)

21. သို့​ရာ​တွင်​နောင်​နှစ်​ဤ​အ​ချိန်​ခန့်​၌​စာ​ရာ​မွေး ဖွား​မည့် သင်​၏​သား​ဣဇာက်​၌​လည်း​ငါ​၏​ပ​ဋိ​ညာဉ် ကို​တည်​စေ​မည်'' ဟု​မိန့်​တော်​မူ​၏။-

22. ဘု​ရား​သ​ခင်​သည်​ထို​သို့​မိန့်​မှာ​ပြီး​နောက် အာ​ဗြ​ဟံ​ထံ​မှ​ကြွ​သွား​တော်​မူ​၏။

23. အာ​ဗြ​ဟံ​သည်​ဘု​ရား​သ​ခင်​၏​အ​မိန့်​ကို နာ​ခံ​၍ သူ​၏​သား​ဣ​ရှ​မေ​လ၊ အိမ်​၌​ပေါက် ဖွား​သော​ကျေး​ကျွန်​နှင့်​ငွေ​ဝယ်​ကျွန်​များ အ​ပါ​အ​ဝင်​အိမ်​သား​ယောကျာ်း​အ​ပေါင်း​တို့ အား ထို​နေ့​ချင်း​၌​ပင်​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ ကို​ပေး​လေ​၏။-

24. အာ​ဗြ​ဟံ​သည်​အ​ရေ​ဖျား​လှီး​ခြင်း​ကို​ခံ​ချိန် တွင် အ​သက်​ကိုး​ဆယ့်​ကိုး​နှစ်​ရှိ​၍၊-

25. သူ​၏​သား​ဣ​ရှ​မေ​လ​သည်​အ​သက်​တစ်​ဆယ့် သုံး​နှစ်​ရှိ​သည်။-

ကမ္ဘာ​ဦး 17