8. ထို့ကြောင့်ထာဝရဘုရားသည်သူတို့အား ကမ္ဘာ အရပ်ရပ်သို့ကွဲလွင့်စေသဖြင့် လူတို့သည်မြို့ တည်ခြင်းကိုရပ်ဆိုင်းထားရကြလေသည်။-
9. ထာဝရဘုရားသည်လူသားအပေါင်းတို့ ၏ဘာသာစကားကိုရှုပ်ထွေးစေ၍ သူတို့ ကိုကမ္ဘာအရပ်ရပ်သို့ကွဲလွင့်စေတော်မူခဲ့ ခြင်းကြောင့် ထိုမြို့ကိုဗာဗုလုန်မြို့ဟူ၍ ခေါ်တွင်ကြ၏။
10. ရှေမ၏သားစဉ်မြေးဆက်များတို့ကိုဖော်ပြ ပေအံ့။ ရေလွှမ်းမိုးပြီးနောက်နှစ်နှစ်ကြာ၍ရှေမ သည် အသက်တစ်ရာပြည့်သောအခါအာဖာဇဒ် အမည်ရှိသားကိုရရှိလေ၏။-
11. ထိုနောက်သူသည်နှစ်ပေါင်းငါးရာဆက်၍အသက် ရှင်စဉ်သားသမီးများရသေး၏။
12. အာဖာဇဒ်သည်အသက်သုံးဆယ့်ငါးနှစ်ရှိသော အခါ ရှာလအမည်ရှိသားကိုရ၏။-
13. ထိုနောက်သူသည်နှစ်ပေါင်းလေးရာ့သုံးနှစ်ဆက် ၍အသက်ရှင်စဉ်သားသမီးများရသေး၏။
14. ရှာလသည်အသက်သုံးဆယ်ရှိသောအခါ ဟေဗာအမည်ရှိသားကိုရ၏။-
15. ထိုနောက်သူသည်နှစ်ပေါင်းလေးရာ့သုံးနှစ် ဆက်၍ အသက်ရှင်စဉ်သားသမီးများရသေး ၏။
16. ဟေဗာသည်အသက်သုံးဆယ့်လေးနှစ်ရှိသော အခါ ဖာလက်အမည်ရှိသောသားကိုရ၏။-