ကမ္ဘာ​ဦး 11:5-10 Common Language Bible (BCL)

5. ထာ​ဝ​ရ​ဘု​ရား​သည် ထို​သူ​တို့​တည်​ဆောက် သော​မြို့​နှင့်​ရဲ​တိုက်​ကို​ရှု​စား​တော်​မူ​ရန် ကြွ​ဆင်း​လာ​၍၊-

6. ``ယ​ခု​တွင်​ဤ​သူ​တို့​သည်​လူ​မျိုး​တစ်​မျိုး တည်း​ဖြစ်​၍ ဘာ​သာ​စ​ကား​တစ်​ခု​တည်း ကို​ပြော​ဆို​လျက်​ရှိ​ကြ​၏။-

7. ဤ​သို့​တည်​ဆောက်​ခြင်း​သည်​အ​စ​မျှ​သာ ဖြစ်​သည်။ နောင်​တွင်​သူ​တို့​စိတ်​ကူး​သ​မျှ​ကို ပြု​လုပ်​နိုင်​ကြ​တော့​မည်။ ယ​ခု​ပင်​ငါ​တို့​သည် ဆင်း​သက်​၍ သူ​တို့​အ​ချင်း​ချင်း​နား​မ​လည် စေ​ခြင်း​ငှာ သူ​တို့​၏​ဘာ​သာ​စ​ကား​ကို​ကွဲ ပြား​ရှုပ်​ထွေး​စေ​အံ့'' ဟု​မိန့်​တော်​မူ​၏။-

8. ထို့​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား ကမ္ဘာ အ​ရပ်​ရပ်​သို့​ကွဲ​လွင့်​စေ​သ​ဖြင့် လူ​တို့​သည်​မြို့ တည်​ခြင်း​ကို​ရပ်​ဆိုင်း​ထား​ရ​ကြ​လေ​သည်။-

9. ထာ​ဝ​ရ​ဘု​ရား​သည်​လူ​သား​အ​ပေါင်း​တို့ ၏​ဘာ​သာ​စ​ကား​ကို​ရှုပ်​ထွေး​စေ​၍ သူ​တို့ ကို​ကမ္ဘာ​အ​ရပ်​ရပ်​သို့​ကွဲ​လွင့်​စေ​တော်​မူ​ခဲ့ ခြင်း​ကြောင့် ထို​မြို့​ကို​ဗာ​ဗု​လုန်​မြို့​ဟူ​၍ ခေါ်​တွင်​ကြ​၏။

10. ရှေ​မ​၏​သား​စဉ်​မြေး​ဆက်​များ​တို့​ကို​ဖော်​ပြ ပေ​အံ့။ ရေ​လွှမ်း​မိုး​ပြီး​နောက်​နှစ်​နှစ်​ကြာ​၍​ရှေ​မ သည် အ​သက်​တစ်​ရာ​ပြည့်​သော​အ​ခါ​အာ​ဖာ​ဇဒ် အ​မည်​ရှိ​သား​ကို​ရ​ရှိ​လေ​၏။-

ကမ္ဘာ​ဦး 11