18. ဖာလက်သည်အသက်သုံးဆယ်ရှိသောအခါ ရာဂေါအမည်ရှိသားကိုရ၏။-
19. ထိုနောက်သူသည်နှစ်ပေါင်းနှစ်ရာ့ကိုးနှစ်ဆက် ၍အသက်ရှင်စဉ်သားသမီးများရသေး၏။
20. ရာဂေါသည်အသက်သုံးဆယ့်နှစ်နှစ်ရှိသော အခါ စေရောက်အမည်ရှိသားကိုရ၏။-
21. ထိုနောက်သူသည်နှစ်ရာ့ခုနစ်နှစ်ဆက်၍ အသက်ရှင်စဉ်သားသမီးများရသေး၏။
22. စေရောက်သည်အသက်သုံးဆယ်ရှိသောအခါ နာခေါ်အမည်ရှိသားကိုရ၏။-
23. ထိုနောက်သူသည်နှစ်ပေါင်းနှစ်ရာဆက်၍ အသက်ရှင်စဉ်သားသမီးများရသေး၏။
24. နာခေါ်သည်အသက်နှစ်ဆယ့်ကိုးနှစ်ရှိသော အခါ တေရအမည်ရှိသားကိုရ၏။-